ငါးမန်းကား

ငါးမန်းကား(Rhinobatos obtusus)

ငါးမန်းမျိုးတွင် ပါဝင်၍ ငါးမန်းနှင့်ဆင်တူသည်။ သို့ရာတွင် ခေါင်းပိုင်းသည် အလွန်ပြားသည်။ ပင်လယ်ကမ်းစပ် ရေတိမ်ရာတွင် ကျက်စားနေတတ်သော ငါးမျိုးဖြစ်သည်။ ကိုယ်လုံးနှင့် ရင်ဆူးတောင်တွင် အဖြူရောင် အပြောက်ငယ်များရှိလေသည်။ ကျောပိုင်း မွဲပြာရောင်ရှိပြီး ဝမ်းပိုက်သည် အဖြူရောင်ရှိလေသည်။ [1]

ကိုးကား

  1. လှသမိန် ရေးသည့် ဗဟုသုတ စွယ်စုံ စာအုပ်မှ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.