ငါးမန်းစွယ်သည်

ငါးမန်းစွယ်သည်

ငါးမန်းစွယ်သည်(Saw Heabed Shark)

သာမန်ငါးကဲ့သို့ အမြီးနှစ်ခွနှင့် ဆူးတောင်ရှိပြီး ဦးဘက်တွင် သွားချွန်တန်း နှစ်ဖက်ရှိသော ငါးမန်းလွှသွားသဖွယ် အစွယ်ပါရှိသဖြင့် ငါးမန်းစွယ်သည်ဟု ခေါ်လေသည်။ ထိုအစွယ်များကို ဖြတ်ယူ၍ အိမ်တွင်အလှထားရန် ရောင်းချကြလေသည်။ အစွယ်သည် ၆ လက္မအရွယ်မှ ၅ ပေ ၆ပေအထိ အရွယ်အစား အမျိုးမျိုးရှိသည်။ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်း တစ်လျောက်တွင် တွေ့ရသည်။ စွယ်ငါးမန်း၊ ငါးမန်းစွယ်၊ ခုန်ငါးမန်း စသည်ဖြင့် ခေါ်ကြသည်။ ငါးမန်းအသားကိုလည်း စားသောက်ကြသည်။ [1]

ကိုးကား

  1. လှသမိန် ရေးသည့် ဗဟုသုတ စွယ်စုံ စာအုပ်မှ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.