ငါးမြစ်ချင်း

ငါးမြစ်ချင်း

ငါးမြစ်ချင်း(Labeo Rohita)

ငါးမြစ်ချင်းသည် ငါးသိုင်းမျိုးဖြစ်၍ 'စိုင်ပရီနီဒီး'မျိုးရင်းတွင် ပါဝင်သည်။ပါဏဗေဒအလိုအားဖြင့် ငါးမြစ်ချင်းကို 'လေဗအိုရို ဟီတာ'ဟုခေါ်သည်။ ငါးကိုယ်သည် ရှည်လျား၍ အမြီး ဖက်သို့ ရှူးသွားသည်။ နှာတံမှာ မချွန်ဘဲ ထိပ်လုံးဖြစ်၍ မေးရိုးအရှေ့သို့ အနည်းငယ်ထွက်နေသည်။ နှုတ်ခမ်းမှာထူ၏။ နှုတ်သီး မွေးတိုတို ၂ စုံပါရှိသည်။ အမြီးခွသည် ရှည်ထွက် နေသည်။ အရောင်မှာ ကျောဖက်တွင် ပြာလဲ့လဲ့ သို့မဟုတ် အညိုရောင်ရှိပြီး ဘေးနှင့် အောက်ဖက်တွင် ငွေရောင်ရှိသည်။ အချို့ငါးမြစ်ချင်းများတွင် အကြေးခွံ၌ အစက်တစ်ခုစီပါသည်။ ဆူးတောင်များမှာ အနီရောင် သို့မဟုတ် အမည်းရောင်ရှိသည်။ ငါးမြစ်ချင်းသည် အရှည် ၃ ပေ သို့မဟုတ် ၃ ပေကျော်ကျော် အထိ ကြီးထွားသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.