ငှက်ကျား
ငှက်ကျားကိုမြင်ရုံနှင့် ငှက်ကျားမှန်း သိသာနိုင်သည်။ ရှည်လျားသော ခြေထောက်၊ လည်တံ၊ နှုတ်သီးတို့သည် အခြားငှက် များမှာထက် ထူးကဲစွာ ပေါ်လွင်လျက်ရှိသည်။ ငှက်ကျားသည် ရေစပ်တွင် ကျက်စားလေ့ရှိသော ငှက်မျိုး ဖြစ်သည်။ အလျား ၅ ပေခန့်ရှိသည်။
ငှက်ကျား (Painted Stork) | |
---|---|
Bird sound | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ | |
Least Concern (IUCN 3.1) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | တိရစ္ဆာန် |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | ငှက် |
မျိုးစဉ်: | Passeriformes |
မျိုးရင်း: | Corvidae |
မျိုးစု: | Pica |
မျိုးစိတ်: | P. pica |
ဒွိနာမ | |
Pica pica (Linnaeus, 1758) | |
Sub-species hudsonia melanotos galliae germanica pica fennorum asirensis bactriana hemileucoptera leucoptera jankowskii sericea battnensis kamschatisa |
သာမန်ငှက်ကျားဖြူ၏ သတ္တဗေဒ(ပါဏဗေဒ) အမည်မှာ 'စီကိုနီးယား အဲလဗာ' ဖြစ်သည်။ ထိုငှက်ကျားမျိုးကို ဥရောပတိုက်တွင် ဆွီဒင်၊ စပိန်၊ ဂရိ၊ ဒိန်းမတ်၊ ဟောလန်နိုင်ငံများ၌ တွေ့ရ သည်။ မြန်မာနိုင်ငံတွင်ကား မရှိ။ ဆောင်းရာသီ၌ ငှက်ကျားများကို အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံများတွင်လည်း တွေ့ရသည်။ ဩစတြေးလျနှင့် တောင်အမေရိကတိုက်တို့တွင်လည်း ငှက်ကျားများ အသင့်အတင့်ရှိသည်။
မြန်မာနိုင်ငံ၌ တွေ့ရသော ငှက်ကျားမျိုးမှာ 'အိုင်ဗစ်လျူကို စက်ဖာလပ်' ဖြစ်သည်။ အလျား လက်မ ၄ဝ ရှိ၏။ နှုတ်သီး နှင့် မျက်နှာ၌ လိမ်မော်ရောင်ရှိ၏။ အမြီးအရောင်သည် ပန်းရောင်ဟူ၍ ထင်ရသော်လည်း အမှန်မှာ အမွှေးအတောင်တို့၏ အတွင်းဖက်ပိုင်း၌သာ ပန်းရောင်ရှိသည်။ ပျံသန်းသော အခါ ကိုယ်ထည်ဖြူ၍ အတောင်နှင့်အမြီး မည်းနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ရေလျှံသော လယ်ကွင်း၊ ရေအိုင်ဘေးနှင့် ရွှံ့တော ဗွက်တောဒေသများတွင် ကျက်စားလေ့ရှိ၏။ ကမ်းခြေရှိ လတာပြင်များတွင် အအုပ်အသင်းနှင့် နေသည်ကို တွေ့ရ၏။
ငှက်ကျားသည် အသိုက်ကိုအဆောက်အအုံများပေါ်တွင်လည်းကောင်း၊ သစ်ပင်များပေါ်တွင်လည်းကောင်း ပြုလုပ်တတ်သည်။ အနောက်နိုင်ငံများတွင် ငှက်ကျားများအတွက် အသိုက်ဆောက်လုပ်ရန် နေရာ များကိုပင် ပြုလုပ်ပေးကြသည်။ ငှက်ကျားများသည် နှစ်စဉ်နှစ်တိုင်း အသိုက်ဟောင်းနေရာသို့ ပြန်လာလေ့ရှိကြသည်။ ငှက်ကျားများ စားသောအစာမှာ ဖားနှင့် ပိုးမွှားများဖြစ်သည်။ ငှက်ကျားသည် အသံမပြုတတ်ဟု ဆိုသည်။
၎င်းတွင် နက်ပြောင်သော အမွှေးအတောင်များရှိ၏။ နံဘေးနှင့် ရင်အုပ်တို့မှာ ဖြူ၏။ အမြီးကို ဦးခေါင်းနှင့် ထိလုနီးပါး ကော့ထောင်ထားတတ်သည်။ ငှက်မသည် ငှက်ဖိုနှင့် အသွင် အပြင် တူ၏။ သို့ရာတွင် အရောင်အဆင်းမှာ ငှက်ဖိုလောက် မနက်လှဘဲ ညိုတိုတို ဖြစ်သည်။
ဤငှက်ကျားကို လတာပြင်ဒေသများနှင့် ချုံပုတ်တောများတွင် အတွေ့ရများသည်။ အသံမှာ ကျောက်ခတ်သံမျိုးကဲ့သို့ ဖြစ်သည်။ သာယာသောအသံဖြင့်လည်း မြည်ကြွေးတတ်သည်။ ပိုးတုံးလုံး၊ ပေါက်ဖတ်နှင့် တီကောင်များကို စားလေ့ရှိသည်။ ဧပြီလမှ ဇွန်လအတွင်း ငှက်ကျားငယ်များ ပေါက်သည်။ အသိုက်ကို ပင်မြင့်ပေါ်တွင် မလုပ်ဘဲ မြေပြင်ပေါ်တွင်လည်းကောင်း၊ မြက်ခင်းအောက်တွင်လည်းကောင်း၊ ကျင်းများတွင်လည်းကောင်း ပြုလုပ်သည်။ ခွက်ငယ်နှင့်တူသောအသိုက်ကို မြက်ပင်၊ သစ်မြစ်များဖြင့် ပြုလုပ်၍ ဘေးပတ်လည်တွင် အမွှေးအမှင်များဖြင့် သပ်ရပ်စွာ ကာရံထားတတ်သည်။ တစ်မြုံလျှင် ၃ ဥမှ ၅ ဥအထိ ရှိသည်။ ဥ အရောင်မှာ ပြာလဲ့လဲ့ သို့မဟုတ် အဖြူတွင် ပန်းနုရောင်ဖြစ် သည်။ အညိုပြောက်ကလေးများကိုလည်း တွေ့ရ၏။ ဤငှက်ကျားမျိုးကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့နိုင်သည်။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)