ငှက်ဘီလူး

ငှက်ဘီလူးသည် ငှက်တဇပ်နှင့်အတူ 'လန်နီးဒေး'မျိုးရင်းတွင် ပါသည်။ သတ္တဗေဒ(ပါဏဗေဒ‎) အမည်မှာ 'လန်နိယပ် ကိုလျူရီ အိုအီဒီးကို လျူရီအိုအီဒီး' ဖြစ်သည်။ အလျား ၉ လက်မ ရှိသည်။ ပျံသန်းသည့်အခါ တို၍ဝိုင်းနေသော အတောင်ပေါ်ရှိ အဖြူကွက်နှင့် အဖျားတွင် ဖြူလျက်ရှိသော အမြီးရှည်ကို အဝေးကပင် ထင်ရှားစွာ မြင်နိုင်သည်။ အသံမာသည်။ ငှက်ဘီလူးဟူသော အမည်နှင့်လိုက်အောင် ငှက်ငယ်များ၊ လိပ်ပြာ၊ ချေထိုးပိုး စသည်တို့ကို ဖမ်းဆီးသတ်ဖြတ်ကာ အစာအဖြစ် သိုလှောင်ထားတတ်သည်။ ကွင်းပြင်၊ ချုံဖုတ်၊ တောစပ်၊ စိုက်ခင်းများအနီးအနားတို့တွင် ကျက်စားလေ့ရှိသည်။ ဧပြီလမှ ဇွန်လအထိ အချိန်မှာ ငှက်ဘီလူးများ သားပေါက်ချိန် ဖြစ်သည်။ အသိုက်ကို သစ်ပင်ထက်တွင် သစ်ရွက်၊ မြက်၊ ရေညှိ၊ အမွေးအတောင်များဖြင့် ပြုလုပ်တတ်သည်။ အသိုက် သည် တချို့ကြီး၊ တချို့ငယ်သည်။ တစ်မြုံလျှင် ၃ ဥမှ ၆ ဥအထိ ရှိသည်။ ဥ၌ အရောင်အမျိုးမျိုး ရှိသည်။ ငှက်ဘီလူးကို မြန်မာနိုင်ငံ၊ အာသံ၊ အာနမ်နှင့် ထိုင်းနိုင်ငံတို့တွင် တွေ့ရသည်။ ထိုငှက်များသည် ဆောင်းရာသီမှသာ တွေ့ရသော ဒေသပြောင်းရွှေ့နေတတ်သည့် ငှက်များဖြစ်သည်။[1]

ငှက်ဘီလူး
Butcher bird calling in Sydney, Australia.
မျိုးရိုးခွဲခြားခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
ငှက်
မျိုးစဉ်:
Passeriformes
မျိုးရင်း:
လန်နီးဒေး
မျိုးစု:
Cracticus

Vieillot, 1816
မျိုးစိတ်

C. quoyi
C. torquatus
C. cassicus
C. louisiadensis
C. mentalis
C. nigrogularis
C. tibicen

Black butcherbird with the remains of a wing in Cairns, Australia.

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.