စကန္ဒီယမ်

စကန္ဒီယမ် (Scandium) သည် ပျော့ပျောင်း၍ တောက်ပသောအရောင်ရှိပြီး ပြောင်းလဲခြင်းရှိသော ဒြပ်စင်ဖြစ်သည်။ ၎င်းဒြပ်စင်ကို စကန်ဒီနာဗီယာမြို့မှရှားပါးသောသတ္တုတွင်းတွင် တွေ့ရှိခဲ့သည်။ ၎င်းသည် လေနှင့်ထိတွေ့သောအခါ အဝါရောင်ဖျော့ဖျော့ (သို့) ပန်းနုရောင်အဖြစ် မြင်တွေ့နိုင်သည်။ သည်လေထဲတွင် အရောင်မှိန်ပြီး လွယ်ကူစွာလည်း မီးလောင်တတ်သည်။ သို့သော် တစ်ကြိမ်သာလျှင် မီးလောင်သည်။ ၎င်းသည် ရေနှင့်ထိတွေ့သည့်အခါ ဟိုင်ဒရိုဂျင် ဓာတ်ငွေ့နှင့် ဓာတ်ပြုပြီး အက်ဆစ် များစွာလည်း ၎င်းထဲတွင် ပျော်ဝင်နိုင်သည်။ သန့်စင်သော စကန်ဒီယမ် ရရှိရန်အတွက် စကန်ဒီယမ် တွိုင်ဖလိုရိုက် ကို ကယ်လစီယမ်သတ္တု အသုံးပြုပြီး ထုတ်လုပ်နိုင်သည်။

အသုံးပြုခြင်း

စကန္ဒီယမ်သည် ရှားပါးသောသတ္တု တစ်ခုဖြစ်ပြီး ၎င်းကို အိမ်များတွင်တပ်ဆင်အသုံး ပြုသော ကာလာတီဗွီများ၊ တောက်ပသော မီးလုံး၊ မီးချောင်းများ၊ စွမ်းအင်ချွေတာသော မီးချောင်း နှင့် မှန်များ၊ မျက်မှန်များတွင် တွေ့နိုင်သည်။ ဖန်ထည်များကို (polish) ချောမွေ့စေရန်အတွက် ၎င်းကို တွင်ကျယ်စွာ အသုံးပြုနေကြသည်။ အဓိကအားဖြင့် လေယာဉ်ထုတ်လုပ်သော စက်ရုံများ တွင် အလူမီနီယမ်-စကန်ဒီယမ် သတ္တုစပ်ထုထည်အဖြစ် အသုံးပြုနိုင်ပြီး၊အားကစား ပစ္စည်းများ တွင်လည်း အသုံးပြုနိုင်သည်။ (ဥပမာ- စက်ဘီး၊ဆိုင်ကယ်၊ဘေ့စ်ဘော)။ ၎င်းသည် စွမ်းဆောင်မှု မြင့်သောသတ္တုဖြစ်သည်။ ၎င်းရှည်လျားသောအလူမီနီယမ်(alloys)များကို ဂဟေဆက် ရာတွင် လျင်မြန်စွာအခဲဖြစ်မှုကိုလျှော့နည်းစေသည်။

ပတ်ဝန်းကျင်တွင် တွေ့ရှိရမှုအခြေအနေ

စကန္ဒီယမ် သတ္တုသည် သဘာဝတွင် တွေ့ရှိရန် အလွန်ခက်ခဲသော သတ္တုတစ်မျိုးဖြစ်သည်။ အလွန်နည်းသော ပမာဏသာလျင် သဘာဝတွင်တွေ့နိုင်သည်။ စကန္ဒီယမ်ကို အများအားဖြင့် မတူညီသော သတ္တုရိုင်းနှစ်မျိုးဖြင့် တွေ့မြင်နိုင်သည်။ သော်ဗွီတိုက်(thortveitite)သည် စကန္ဒီယမ်၏ မူလအရင်းအမြစ်ဖြစ်ပြီး၊ ယူရေနီယမ် အပိုင်းအစများနှင့် အဓိက အရင်းအမြစ်အဖြစ်လည်း ထုတ်လုပ်နိုင်သည်။ ကမ္ဘာမှာ တစ်နှစ်လျင် ၅၀ ကီလိုဂရမ်သာ ထုတ်နိုင်သည်။ စကန်ဒီယမ်ဟာ မီးဖိုကြမ်းခင်းတွင် အလွန်ပေါများသည်။ သို့သော် ပျံ့ကျဲနေသည်။ အလွန်နည်းသော တွင်းထွက် သတ္တု ၈၀၀ ကျော်ကိုလည်းတွေနိုင်သည်။ အပင်များကို ဓာတ်ခွဲကြည့်သောအခါ စကန်ဒီယမ် ၃ရာခိုင်နှုန်း ပါဝင်သည်ကိုတွေ့ရှိရပြီး၊ အသီးအရွက်များတွင် 5ppb(တစ်ဘီလီယမ်၏တစ်ပုံ) ပါဝင်ပြီး ၊ မြက်ပင်များတွင် 70 ppb ပါဝင်သည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု

စကန္ဒီယမ်သည် ဇီဝဗေဒ၏ အခန်းကဏ္ဍတွင် မပါဝင်ပါ။ အဆိပ်လည်းမဟုတ်ပါ။ သို့သော် ၎င်း၏ အချို့ဒြပ်ပေါင်းများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သည်။ စကန်ဒီယမ် အန္တရာယ်အရှိဆုံးမှာ ၎င်း၏ ဓာတ်ငွေ့များနှင့် စိုစွတ်သော အမှုန်များပါဝင်လာသော လေထုကို ရှူရှိုက်မိခြင်းဖြစ်သည်။စကန်ဒီယမ်သည် လူများ၏ ခန္ဓာကိုယ်ကို စစ်ဆေးသော အခါတွင် လူ၏အသည်း ကို စမ်းသပ်စစ်ဆေးခြင်းဖြင့် (ဒြပ်သင့်ခံရခြင်း ရှိမရှိ) သိနို်င်သည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှု

စကန်ဒီယမ်ကို ပါတ်ဝန်းကျင်ရှိနေရာမျိုးစုံ၌ စွန့်ပစ်ထားကြသည်။ အဓိကအားဖြင့် လောင်စာထုတ်လုပ်သော စက်ရုံများက အများဆုံး စွန့်ပြစ်ကြသည်။ အကယ်၍ သင်၏ ပါတ်ဝန်းကျင်တွင် တွေ့ရှိရလျင် အဝေးသို့သွားရောက်စွန်ပစ်ပါ။ စကန်ဒီယမ်သည် ရေဘုယျ အားဖြင့် ညစ်ပတ်သောအရာများ၊ ရေးဆိုး များတွင်ပါဝင်နေပြီး၊ နောက်ဆုံးတွင် လူများ၊ တိရိစ္ဆာန်များတွင်သာ အများဆုံး ဝင်ရောက် ထိခိုက်စေသည်။ ရေတွင် ပါဝင်သော သက်ရောက်မှုများကြောင့် တိရိစ္ဆာန်များ၏ ဆဲ(လ်)အလွာ၊ တစ်ရှူး များကို ဆုံးရှုံးစေသည်။ မျိုးပွားမှုများနှင့် အာရုံကြောအဖွဲ့အစည်းများကိုလည်း ထိခိုက်စေနိုင်သည်။[1]

ကိုးကား

  1. ဒြပ်စင်အလှည့်ကျဇယားတွင် ကိုဘိုဘိုကျော် ဘာသာပြန်ဆိုသည်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.