စကားပုံ

  • စကားပုံဟူသည် အနက်အဓိပ္ပါယ်နှင့် ပြည့်စုံ၍ လူအများ စံပြုပုံခိုင်း ပြောဆိုလေ့ရှိသော စကား၊ ပြောထုံးစကားဟူ၍ ဖွင့်ဆိုပါသည်။ [1]
  • စကားပုံဟူသည် စကားပြောဆိုရာတွင် ပိုမိုထိရောက်စေရန် ခိုင်းနိုင်းပြောဆိုလေ့ရှိသော စကားမျိုးဖြစ်သည်။[2]
  • စကားပုံ-ဆိုသည် ပုံခိုင်းပြီးပြောသော စကား။ [3]

စကားပုံဟူသည်

စကားပြောရာတွင် မပါမပြီးသော အဆင်တန်ဆာဖြစ်၍ ပညာရှိများသာမက ကလေးသူငယ်များပင်လျှင် ကြားရဖန်များ၍ အတုယူသုံးနှုန်းပြောဆိုတတ်ကြပေသည်။ စကားပုံကြောင့် စကားရွှင်၍ အသက်ဝင်သည်။ ရှည်ရှည်ဝေးဝေး ဖွဲ့နွဲ့ပြောဆိုရမည့် စကားကို တိုတိုနှင့် ထိထိမိမိပြောနိုင်သည်။

စကားပုံဆိုသည်မှာ စကားပြောဆိုရာတွင် မိမိပြောလိုသည့်အကြောင်းအရာ ပိုမိုပေါ်လွင်ထင်ရှားစေရန် ရည်ရွယ်ချက်ဖြင့်၎င်း ရှေးယခင်က မှားယွင်းစွာဆောင်ရွက်ခဲ့ဖူးခြင်းရှိခဲ့သည်တို့အား နှောင်းလူတို့ သိရှိသတိရရှောင်လွှဲစေနိုင်ရန်ရည်ရွယ်ချက်ဖြင့်၎င်း အစဉ်အလာအလေ့အထ ရှိဖူးသည်တို့အား သတိပြုလိုက်နာစေရန်ရည်ရွယ်ချက်ဖြင့်၎င်း ဥပမာပေးခိုင်းနှိုင်းမှုတို့ပါဝင်ပြီး တိုတိုနှင့်ထိမိပေါ်လွင်အောင်တန်ဆာဆင်ပြောကြသည့် ပြောစမှတ်တွင်နေသောစကားအသုံးများဖြစ်သည်။

ဥပမာ

  1. မိမိ၏သာမာန်စွမ်းဆောင်မှုကိုပင် အခြားသူတို့ဆောင်ရွက်ရာ အလွဲအမှားရှိခဲ့ပါက ဖားကိုတု၍ခရုခုန် အိုင်ပျက်ယုံသာရှိတော့မှာပေါ့ ဟု မိမိ၏စွမ်းဆောင်ရည်အားပိုမိုပေါ်လွင်ထင်ရှားစေပြီး ကျန်သူများအားလိုက်လံတုပလိုသူများအဖြစ်နှိမ့်ချကာ အောင်မြင်မှုမရပဲ ဆုံးရှုံးကြလိမ့်မည်ဟု သတိပေးပြောကြာလိုသောကိစ္စရပ်များတွင်တွင်သုံးလေ့ရှိသည်။
  2. ရှေးယခင်ကမိမိအားအဖက်မလုပ်ဂရုမစိုက်ကြပဲ ယခုအခါ မိမိတွင်တစ်စုံတစ်ခု တိုးတက်ဖြစ်ထွန်းမှုရှိလာကာမှ မှျဝေခံစားလိုသောသဘောဖြင့်ချဉ်းကပ်လာကြသည်ဟု စွပ်စွဲပြောကြားလိုသောအခါမျိုးတွင်ဘူးသီးသီးမှအရီးတော်မနေကြပါနှင့်ဟု ပုံခိုင်းပြောတတ်ခြင်းမျိုးဖြစ်သည်။
  3. ပြုမူဆောင်ရွက်ဖွယ်ကိစ္စကို အချိန်အခါသင့်မဆောင်ရွက်နိုင်သဖြင့် အကျိုးမဖြစ်ထွန်းပဲ လွဲနိုင်ကြောင်းကို မိုးလွန်မှ ထွန်ချ ဆိုတာလိုဖြစ်တတ်သည်ဟုသတိပေးပြောလိုသောအခါသုံးလေ့ရှိပုံမျိုးဖြစ်သည်။
  4. မှားမည်မှန်မည် ချင့်ချိန်မှန်းဆရာတွင်သော်လည်းကောင်း အရည်အချင်းမီမမီ အကဲဖြတ်ရာတွင်လည်းကောင်း တောင်ကလာမှ မိုး။ ဒေါင်ဒေါင်မည်မှ အိုး။ သုံးလွန်းတင်မှ ကြိုးတဲ့ မင်းတို့ဟာကစကတည်းက ယဉ်သကိုဆိုတာလိုပဲ ပုံမလာပါဘူးကွာ စသည့်ဖြင့် ဆန်းစစ်ပြောတတ်ကြပုံမျိုးလည်းရှိသည်။
  5. အရာရာတွင်စိတ်တိုင်းကျခဲပြီးရွေးလွန်းသူကို လင်စံရွေး လင်ခွေးနှင့်ညားတတ်သည်ဟုလည်းကောင်း။ ဟိုဟာကောင်းနိုးနိုးသည်ဟာကောင်းနိုးနိုးမပြတ်မသားဖြစ်ကာ ပင်ပန်းရသူတို့ကို ပုဂံနှင့်ညောင်ဦးတောင်ကူးလို့မြောက်ပြေးရွာဆော်ကြီးခွေးလို ဟုလည်းကောင်း စသည ဥပမာပေးကာဆုံးမပြောဆို သောစကားပုံများလည်းရှိသည်။

တိုင်းရင်းသား စကားပုံများ

မြန်မာစကားပုံတွင်သာမက တိုင်းရင်းသားတိုင်းတွင်လည်း စကားပုံများ ကိုယ်စီ ရှိကြသည်။

  • ဂျိန်းဖော စကားပုံများ
  • မရူ စကားပုံများ
  • ရဝမ် စကားပုံများ
  • လရှီ စကားပုံများ
  • လီဆူး စကားပုံများ
  • အဇီး စကားပုံများ
  • ကယား စကားပုံများ
  • ကရင် စကားပုံများ
  • ချင်း စကားပုံများ
  • လူရှည် စကားပုံများ
  • ထားဝယ် စကားပုံများ
  • ဓနုနှင့် တောင်ရိုး စကားပုံများ
  • ပအိုးဝ် စကားပုံများ
  • မွန် စကားပုံများ
  • ရခိုင် စကားပုံများ
  • ရှမ်း စကားပုံများ
  • အင်းသား စကားပုံများ
  • တအာန်း စကားပုံများ

ကိုးကား

  1. မြန်မာအဘိဓာန် အကျဉ်းချုပ်
  2. မြန်မာ့စွယ်စုံကျမ်း
  3. မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဧပြီလ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.