စက်ဝန်

စက်ဝန်

စက်ဝန်ရာထူးမှာ ရှေးယခင်အခါကမရှိဘဲ ရတနာပုံခေတ် စက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာသော အခါမှသာ ခန့်အပ်ခဲ့သော ရာထူးဖြစ်ပါသည်။ မင်းတုန်းမင်းလက်ထက်တွင် လွှစက်၊ ရက်ကန်းစက်၊ ဒဂငါ်းသွန်းစက်၊ ဗုံးအမြောက်ဆံသွန်းလုပ်စက်၊ စာပုံနှိပ်စက်၊ ရတနာပုံ သဘေငါ်စက်ရုံ စသည့်စက်ရုံများကို စက်ဝန်က ကြီးကြပ်အုပ်ချုပ်ရပါသည်။

စက်ဝန်မဟာသူရသိဒ္ဓိ မင်းတုန်းမင်းလက်ထက် ပထမဆုံးခန့်အပ်ခံခဲ့ရသူ စက်ဝန်မှာ ပြင်သစ်လူမျိုး ဒဗေရာ (ဖာနန်ဒီဗယ်ရာ) ဖြစ်သည်။ ဒဗေရာ၏ မင်းပေးဘွဲ့မည်မှာ မဟာသူရသိဒ္ဓိဖြစ်သည်။ စက်ဝန်ဒဗေရာအနဖြေင့် ဒဂငါ်းစက်ရုံကို အဓိကထားကြီးကြပ်ပေးခဲ့ရကြောင်း သိရှိရသည်။ သူသည် မင်းတုန်းမင်း၏ မိဖုရားခေါင် စကြာဒေဝီ၏ တူမတော်စပ်သူ ဒေါ်ခင်ရွှမြေင့်နှင့် လက်ဆက်ခဲ့၏။ ၁၈၇၈ ခုနှစ်တွင် ညောင်ရမ်း၊ ညောင်အုပ်မင်းသားများ ဗြိတိသျှပိုင်နက်သို့ ထွက်ခွာသွားနိုင်ရန် ကူညီခဲ့မှုဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါသည်။ ယင်းနောက် ပြည်မြို့သို့ သွားရောက်နေထိုင်ခဲ့ရာ အသက် ၉၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ စက်ဝန်ဒဗေရာ၏ သားအငယ်ဆုံးဖြစ်သူ ဦးမောင်ကြီးမှာ ၁၉၆၄ ခုနှစ်က အသက် ၈၆ နှစ်အရွယ်ရှိပြီး ထိုစဉ်က ချောက်မြို့၌ သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း သိရှိရ၏။

စက်ဝန် ဦးရဲတင် သီပေါမင်းနန်းတက်စ ၁၈၇၈ ခုနှစ်တွင် ဘုရင့်ဆွေတော်မျိုးတော်များထဲမှ ဦးရဲတင်ဆိုသူကို မင်းရဲညွန့်ဘွဲ့ဖြင့် စက်ဝန်ရာထူးခန့်အပ်ခဲ့ပါသည်။ ဦးရဲတင်သည် ယွန်းစုဝန်အဖြစ်ပါ တာဝန်ထမ်းရွက်ရသဖြင့် သူ့အား စက်ဝန်ယွန်းစုဝန် မင်းရဲညွန့်ဟု ခေါ်ဆိုကြ၏။ စက်ဝန်ဦးရဲတင်ကို ဗြိတိသျှမှတ်တမ်းများ၌ အဂင်လိပ် မြန်မာ တတိယစစ်ပွဲအတွင်း ကျဆုံးသွားကြောင်း ဆိုကြပါသည်။ သို့သော် ဦးရဲတင်မှာ စစ်ပွဲ၌ကျဆုံးခဲ့ခြင်း မရှိပါ။ သီပေါမင်း ပါတော်မူသွားပြီးနောက် ရတနာဂီရိတွင် ကျင်းပသည့် သမီးတော်များ နားထွင်းမဂင်လာပွဲသို့ပင် ဝန်ကတော်၊ သား ခင်မောင်ကြီးတို့နှင့်အတူ သွားရောက်ခဲ့ပါသေးသည်။ ဦးရဲတင်မှာ ကိုလိုနီခေတ်ဦးကာလတွင်မှ ကွယ်လွန်ခဲ့၏။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.