စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့

၂၀၀၄ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းပြီး စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ဟူသောအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ် ခေါင်းဆောင်မှာ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ ဖြစ်သည်။


သမိုင်း

၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် စစ်မဟာ ဗျူဟာ လေ့လာရေး ဌာနကြီး (The Office of Strategic Studies) နှင့် တပ်မတော်ထောက်လှမ်းရေး (Defence Service Military Intelligence) ကို ဗိုလ်ချုပ်ကြီးခင်ညွန့် အား ထုတ်ပယ်စဉ်မှစ၍ ပယ်ဖျက်ခဲ့သည်။ နည်းဗျူဟာ လေ့လာရေး ဌာနကြီးမှ တပ်ရင်း လေးရင်းကို ရန်ကုန် စစ်ထောက်လှမ်းရေးကို ထိန်းသိမ်းရန် ညွန်ကြားခဲ့သည်။ တချိန်တည်းမှာပင် အခြား စစ်ထောက်လှမ်းရေးများကိုလည်း ထိန်းသိမ်းခဲ့သည်။ စစ်ထောက်လှမ်းရေး တပ်သား သုံးပုံ နှစ်ပုံခန့် နှစ်ရှည် ထိန်းသိမ်းခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော တပ်မတော် ထောက်လှမ်းရေးအရာရှိချုပ်ရုံး နေရာကို ပြန်လည် အစားထိုးရန် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို ၂၀၀၄ ခုနှစ်နှစ်ကုန်ပိုင်းတွင်၎င်း၊ စစ်ဖက်ရေးရာ လုံခြုံရေးအကူတပ်များ၊ စစ်ဖက်ရေးရာ လုံခြုံရေးသင်တန်းကျောင်းများနှင့် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့များကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်၎င်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ ယခင်က ထောက်လှမ်းရေးတပ်များကို တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ်ရုံးမှ တိုက်ရိုက်ကွပ်ကဲသော်လည်း တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးကို ပြန်လည်ဖွဲ့စည်းပြီးနောက် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၏ အုပ်ချုပ်မှုနှင့်မလွတ်ကင်းစေရန် စစ်တိုင်းများတွင် စစ်ဦးစီးမှူး(ပထမတန်း)(စစ်ဖက်ရေးရာလုံခြုံရေး) တစ်နေရာ ထည့်သွင်းကာ ပြန်လည်ထိန်းညှိဖွဲ့စည်းခဲ့သည်။

တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်း ဖြစ်သည်-

  1. ကြည်း-၁၂၆၂၉၊ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ (စတသ-၁၅
  2. ကြည်း-၁၂၆၀၇၊ ဒုဗိုလ်ချုပ်ကြီးရဲမြင့် (စတသ-၁၅)(၂၀၀၅-၂၀၁၀)
  3. ကြည်း-၁၆၄၉၃၊ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ (စတသ-၂၂)
  4. ကြည်း-၁၇၅၄၀၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် (ဗသက-၆၄)

ဖွဲ့စည်းပုံ

တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၏ ဖွဲ့စည်းပုံအရ ရုံးချုပ်ဌာနကြီး (၆) ခုရှိသည်။ ၎င်းတို့မှာ-

  1. စီမံရေးနှင့်အုပ်ချုပ်ရေးဌာနကြီး
  2. လေ့ကျင့်ရေးဌာနကြီး
  3. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (ပြည်တွင်း)
  4. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (ပြည်ပ)
  5. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (တန်ပြန်)
  6. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (နည်းပညာ) တို့ဖြစ်သည်။

တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးကွပ်ကဲမှုလက်အောက်ရှိ တပ်/ဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. အမှတ် (၁) စစ်ဖက်ရေးရာ လုံခြုံရေးအတတ်သင်ကျောင်း (ရေကြည်အိုင်)
  2. အမှတ် (၁) စစ်ဖက်ရေးရာ လုံခြုံရေးအတတ်သင်ကျောင်း (တပ်ကုန်း)
  3. အမှတ် (၁) စစ်ဖက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်)
  4. အမှတ် (၂) စစ်ဖက်ရေးရာ လုံခြုံရေးအကူတပ် (နေပြည်တော်)
  5. စစ်တိုင်းအလိုက် သက်ဆိုင်ရာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့များ[1]


  1. မိုးဇေညိမ်း. "ဘာလဲဟဲ့ စရဖဆောင်းပါး", ဘာလဲဟဲ့ စွမ်းအားရှင်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.