စစ်ဦးစီးမှူး(ပထမတန်း)

စစ်ဦးစီးမှူး(ပထမတန်း) ဆိုသည်မှာ တပ်မတော်၏ ပြန်တမ်းဝင်အရာရှိပိုင်းဆိုင်ရာ ရာထူးနေရာ အမည် တစ်ခု ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် (General Staff Officer, Class-1) "ဂျီဝမ်း" ဟု ခေါ်ဆိုသည်။ ၎င်း ရာထူးနေရာများတွင် ခန့်အပ်ရန် သတ်မှတ်ထားသော ပြန်တမ်းဝင်အရာရှိများ၏ အဆင့်မှာ ဒုတိယဗိုလ်မှူးကြီး ဖြစ်သည်။

စစ်ဦးစီးမှူး ဟူသော အခေါ်အဝေါ်အား စစ်ဦးစီးပိုင်းဆိုင်ရာ ဦးစီးအရာရှိများ၏ ရာထူးအခေါ်များအတွက်သာ သုံးနှုန်းပြီး အခြား စစ်ရေး၊ စစ်ထောက်ပိုင်းဆိုင်ရာများ၏ ဦးစီးအရာရှိများ၏ ရာထူးအခေါ်များအား ဦးစီးအရာရှိ ဟုပင် သုံးနှုန်းသည်။ (ဥပမာ - ဦးစီးအရာရှိ - တတိယတန်း (စစ်ထောက်))

ကိုးကား


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.