စဉ့်ကွင်းစာ

စဉ့်ကွင်းစာမှာ စဉ့်ကွင်းခေါ် စဉ့်ရည်သုတ်ထားသော ရုပ်ကြွအုတ်ချပ်များတွင် ရေးထိုးထားသော စာများဖြစ်သည်။ ပုဂံခေတ်က ကုသိုလ်ရှင် အချို့သည် မိမိတို့ကောင်းမှု စေတီပုထိုးများကို ဇာတ်နိပါတ် သရုပ်ဖော်ရုပ်လုံးရုပ်ကြွအုတ်ချပ်များ (စဉ့်ကွင်းများ)ဖြင့် ပတ်ပတ်လည် စီခြယ်ပူဇော်ခဲ့ကြသည်။ ထိုဇာတ်နိပါတ်အမည်နှင့် အမှတ်စဉ် ဇာတ်ညွှန်းများကို ရေးထိုးထားသော စာများသည် စဉ့်ကွင်းစာပင် ဖြစ်သည်။[1]

ရုပ်ကြွ စဉ့်ကွင်း

ကိုးကား

  1. မောင်ခင်မင်(ဓနုဖြူ)၏ မြန်မာစကား မြန်မာစာရုပ်ပုံလွှာ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.