စတော်ဘယ်ရီ
စထရော်ဗယ်ရီကို မြန်မာတို့က ရှမ်းဆီးဟူ၍ ခေါ်ကြသည်။ စထရော်ဗယ်ရီ၏ ရုက္ခဗေဒမျိုးစုအမည်မှာ 'ဖရာဂေးရီးယား' ဖြစ်သည်။ စထရော်ဗယ်ရီသည် သမပိုင်းဇုန်၌၎င်း၊ အပူပိုင်း ဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌၎င်း၊ ပေါက်ရောက်သည်။ စထရော်ဗယ်ရီအသီးမှာ အလွန်ထင်ရှားသည်။ တောင်အမေရိက တိုက် ချီလီနိုင်ငံ တောင်ပိုင်း၌လည်း စထရော်ဗယ်ရီပင်တစ်မျိုး ပေါက်သည်။ ဥရောပတိုက်တွင် ရှေးမဆွကပင် စထရော်ဗယ်ရီ ပင် တစ်မျိုးလည်း ပေါက်ရောက်သည်။ စထရော်ဗယ်ရီသည် အစေ့များ၍ အနှစ်အရသာမရှိလှသဖြင့် လူတို့သည် ထိုအပင်ကို စိုက်ပျိုးရန် စိတ်မကူးခဲ့ကြချေ။ သို့ရာတွင် အမေရိကတိုက်ကို တွေ့ရှိသောအခါ၌ စထရော်ဗယ်ရီပင်ရိုင်း အသစ်နှစ်မျိုးကို ထပ်မံတွေ့ရှိကြ၏။ ထိုနှစ်မျိုးစလုံးမှ အသီးများမှာ ဥရောပ တိုက်မှ စထရော်ဗယ်ရီပင်နှင့် မခြားနားလှချေ။ ဥရောပတိုက်မှ စထရော်ဗယ်ရီပင်နှင့် အမေရိကတိုက်ရှိ စထရောက်ဗယ်ရီပင် တို့ကို မျိုးစပ်လိုက်သည့်အခါကျမှ ယခုစိုက်ပျိုးလျက်ရှိကြသော အနှစ် အရသာနှင့်ပြည့်စုံသည့် စထရော်ဗယ်ရီပင် အမျိုးမျိုးကို ရရှိလေသည်။ စထော်ဗယ်ရီပင်များမှာ ချုံပင်ငယ်များ ဖြစ်၍ မြေလျှောက် ပင်စည် အဆစ်အပိုင်းများမှ အပင်သစ်များ ပွား လာကြသည်။ စထရော်ဗယ်ရီပင် အသီးသီးချိန်တွင် အသီးများ စင်ကြယ်လှပစေရန် အပင်ရင်းတွင် ကောက်ရိုးကို ပုံထားလေ့ ရှိသည်။ စထရော်ဗယ်ရီကို လူကြိုက်များသဖြင့် ရာသီမဟုတ်ဘဲ သီးသောအပင်မျိုးများကို အမေရိကတိုက်၌ တီထွင်စိုက်ပျိုးကြ သည်။ လူများ အလိုရှိသလောက် အသီးများကို တင်ပို့ ရောင်းချနိုင်ရန် အလွန်ကျယ်ဝန်းရလေသည်။ စထရော်ဗယ်ရီပင် စိုက်ခင်းများမှ အသီးမှည့်များကို ရေခဲစိမ်ရန် တွဲဲများ ပါရှိသော အထူးမီးရထားဖြင့် သယ်ယူပို့ဆောင်ကြရသည်။
နှစ်ပေါင်းသုံးဆယ်ခန့်က အိန္ဒိယနိုင်ငံမှ မျိုးကိုယူ၍ မြန်မာ
နိုင်ငံ ရှမ်းကုန်းပြင်မြင့်တွင် ရှမ်းဆီးပင်ကို စတင်စိုက်ပျိုးခဲ့ကြ
ရာ ယခုအခါ မေမြို့၊ ကလောမြို့နှင့် တောင်ကြီးမြို့များ အနီး
အပါးတွင် ပေ ၃ဝဝဝ ကျော်မြင့်သော တောင်ကုန်းများ၌
ရှမ်းဆီးပင် စိုက်ခင်းများကို တွေ့မြင်နိုင်သည်။ ရှမ်းဆီးပင်ကို
စိုက်ပျိုးရာတွင် တစ်ပေစီကွာသော အတန်းများ ပြုလုပ်၍
စိုက်ပျိုးကြသည်။ အပင်များမစိုက်မီ မြေဆီလွှာတွင် နောက်ချေး
နှင့် သစ်ရွက်ဆွေးမြေဩဇာ နိုင်နိုင်ထည့်ပေးရသည်။ရေလောင်း
ပေးခြင်း၊ ပေါင်းသင်ခြင်း၊ မြေတောင်မြေ|ာက်ပေးခြင်းကို အခါ
မလပ် ပြုလုပ်ပေးရသည်။ မြန်မာနိုင်ငံတွင် ရှမ်းဆီးပင်များ
သည် ဖေဖွာရီလမှစ၍ အပွင့်များ ပွင့်ကြ၏။ မတ်လမှ ဇွန်လ
အထိ အသီးများ သီးသည်။ သို့သော် ဧပြီလနှင့် မေလများတွင်
ဆွတ်ခူးရရှိသော အသီးများမှာ အကောင်းဆုံးဖြစ်သည်။ ရှမ်းဆီးသီးမှည့်များကို အသီးမှည့်အတိုင်း သို့မဟုတ် ယိုထိုး၍
စားကြသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)