စန္ဒာမင်း

ဒေါ်စန္ဒာမင်း အား နိုဝင်ဘာလ ၅ ရက် ၁၉၆၈ ခုနှစ်တွင် ဦးဝင်းမြင့်နှင့် ဒေါ်နုနုကြင် တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဓါတုဗေဒပညာရပ်ကို သင်ယူခဲ့သည်။ သူသည် နိုင်ငံရေးလှုပ်ရှားသူ တစ်ယောက်ဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။ ၂၀၁၀ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အဖွဲ့ဝင်ဖြစ်စေရန် ဇမ္ဗူသီရိမြို့ မဲဆန္ဒနယ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အနိုင်ရရှိခဲ့သည်။ ထိုမဲဆန္ဒနယ်သည် နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်အား ရွေးချယ်တင်မြှောက်လိုက်ခြင်းကြောင့် လစ်လပ်နေသည့် မဲဆန္ဒမြေတစ်ခုလည်းဖြစ်သည်။ [3][4]

ဒေါ်စန္ဒာမင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ မေ ၂၀၁၂
မဲဆန္ဒနယ်ဇမ္ဗူသီရိမြို့နယ်
ဆိပ်ကြီးခနောင်တိုမြို့နယ်[1]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1968-11-05) ၅ နိုဝင်ဘာ၊ ၁၉၆၈
ရန်ကုန်မြို့
လူမျိုးဗမာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဗိုလ်ကြီးမောင်မောင်
သားသမီးဟန်ထူးဗလ
မိဘဦးဝင်းမြင့် (ကွယ်လွန်)[2]
ဒေါ်နုနုကြင်
ပညာရေးB.Sc (Chemistry)
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်
  • နိုင်ငံရေးသမား
  • နိုင်ငံရေးလှုပ်ရှားသူ

ကောလိပ် တတိယနှစ်တွင် ကျောင်းသားသမဂ္ဂ နှင့် အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး၊ များမကြာမီတွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးတိုက်ပွဲကြီးဖြစ်သည့် ၁၉၈၈ အရေးအခင်းတွင် ပါဝင်ခဲ့သည်။ သူသည် သုံးရောင်ချယ် ကျောင်းသားအဖွဲ့အစည်းကို တည်ထောင်သူများ နှင့် ခေါင်းဆောင်ထဲမှ ပါဝင်သူ တစ်ဦးလည်းဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ တစ်ကိုယ်တော် လုံခြုံရေးခေါင်းဆောင်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ခုနှစ်တွင် စစ်အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုတွင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သော်လည်း၊ စစ်အစိုးရမှ သူ့အား ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ၁၉၉၂ ခုနစ်တွင် ပြန်လည် လွတ်မြောက် လာသော်လည်း၊ ထောင်ကျနေချိန်အတွင်း ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့သည်။

လွတ်မြောက်လာပြီးနောက်ပိုင်း၊ သူသည် ပညာရေးကို ဆက်လက်ဆည်းပူးခဲ့ပြီး၊ ၁၉၉၄ခုနှစ်တွင် ဓါတုဗေဒဘွဲ့ကို ရရှိခဲ့သည်။ အကြောင်းမဲ့ မလိုမုန်းထားမှုမရှိသည့် ဒေါ်စန္ဒာမင်းသည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ကြီးမောင်မောင်အား လက်ထပ်ခဲ့သည်။ ထို့နောက် မောင်ဟန်ထူးဗလကို ၁၉၉၆တွင် ဖွားမြင်ခဲ့သည်။ ထိုနှစ်အတွင်းပင် သူ့အား ရွှေတော်ဘုရားတွင် အကြမ်းဖက်လုပ်ကြံမှုကို မှား၍ စွပ်စွဲခြင်း ခံရကာ အဖမ်းအဆီးလည်းခံခဲ့ရပြီး ကာလ တစ်လကျော်ခန့် မေးမြန်းခြင်းခံခဲ့ရပြီးမှ တရားခံမဟုတ်ကြောင်း အဖြေထွက်ခဲ့သည်။

များမကြာမီတွင် A&T Bakery and Confectionery တွင် အထွေထွေ စီမံခန့်ခွဲသူအဖြစ် ခန့်အပ်ခြင်းခံရသည်။ စန္ဒာသည် ပညာရေးကို ဆက်လက်စည်းပူးခဲ့ပြီး စီးပွားရေးဥပဒေ ဒီပလိုမာ၊ စိတ်ပညာ၊ အင်္ဂလိပ်၊ နှင့် လုပ်ငန်းခန့်ခွဲခြင်း ပညာရပ် နှင့် မုန့်ဖုတ်လုပ်ခြင်း နည်းပညာကိုလည်း တက်ရောက်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် လပြည့်ဝန်း ကလေးများ ဖွဲ့ဖြိုးရေး မိသားစုတွင်လည်း အလုပ်အမှုဆောင် ခန့်ခွဲသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုလူမှုရေးလုပ်ငန်းကို အမြတ်အစွန်းမယူသည့် အဖွဲ့အစည်းအဖြစ်စေရန်နှင့် လူမှုဖူလုံးရေး နှင့် ပြည်လည်နေရာချထားနိုင်ရန် ရည်ရွယ် အောင်မြင်စွာ မှတ်ပုံတင်နိုင်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် သုံးရောင်စုံ ကျောင်းသားအဖွဲ့အစည်း နှင့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ပြန်လည်ပူးပေါင်းမိကာ မြန်မာနိုင်ငံ ဒီမိုကရေစီအစစ်အမှန် ရရှိရန် လှုပ်ရှားမှုများ ပြန်လည်စတင်ခဲ့သည်။

ဩဂုတ်လ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရ၏ စီးပွားရေး စီမံခန်ခွဲမှု လွဲမှားနေခြင်း၊ ကုန်ဈေးနှုန်းနှင့် လောင်စာဆီ ဈေးတက်ခြင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျလာခြင်းတို့ကို ထောက်ပြဆန္ဒပြခဲ့ပြီးနောက်ပိုင်း၊ စန္ဒာမင်း နှင့် အတူ အခြားနာမည်ကြီး နိုင်ငံရေးလှုပ်ရှားသူများ ဖမ်းဆီးခြင်းခံရသည်။ ဩဂုတ်လ ၁၅ ရက် ၂၀၀၇ခုနှစ်တွင် ၈၈ မျိုးဆက်ကျောင်းသားအုပ်စုနှင့် အခြားသော အတိုက်အခံအဖွဲ့အစည်းများနှင့် အတူ ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့သည်၊ ထို ဆန္ဒပြမှုသည် မြန်မာပြည်တစ်ပြည်လုံး ပြန့်နှံ့သွားခဲ့သည်။ ၂၀၀၈ နိုဝင်ဘာလတွင် သူ့အား ဧရာဝတီတိုင်းရှိ မြောင်းမြအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျမှတ်ခံရသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ တွင် ထောင်ဒဏ် ၄ နှစ်နှင့် ၇ လ ကျမှတ်ခံရပြီးနောက် စန္ဒာမင်းနှင့်အတူ အခြားသော နိုင်ငံရေးလှုပ်ရှားသူများကို ပြန်လည်လွတ်မြောက်ခွင့်ပေးခဲ့သည်။ လွတ်မြောင်ပြီးနောက်ပိုင်း၊ အတိုက်အခံဖြစ်သူ ဒေါ်စန္ဒာမင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အဖွဲ့ဝင်ခဲ့ပြီး မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိစေရန် ပါလီမန်အတွင်းမှ သူ၏ တိုင်းပြည်အကျိုးကို ထမ်းဆောင်မည်ဖြစ်သည်။

ရခိုင်ပြည်တွင် လူဦးရေထူထပ်မှု ပိုမိုများပြားလာမည်ကို စိုးရိမ်သောကြောင့် ဘင်္ဂလီများနှင့် မြန်မာပြည်သူများ ထိမ်းမြှားလက်ထပ်ခြင်းကို မမြင်လိုကြောင်း Frontier အား ဒေါ်စန္ဒာမင်းက ၂၀၁၅ ခုနှစ်တွင် ပြောကြားခဲ့ဖူးသည်။[5]

၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ရန် လျှောက်လွှာတင်ခဲ့သည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူကြီးများ၏လမ်းညွှန်ချက်အရ လျှောက်လွှာရုပ်သိမ်းခဲ့ရသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်မြင်ရေးအတွက် ပါတီအပေါ် သစ္စာရှိရှိ ဆက်လက်အစွမ်းကုန်ကြိုးစားသွားပေးမည်ဟု သူမ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။ [6]

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။[7] ဒေါ်စန္ဒာမင်းသည် မေးသင့်မေးထိုက်သောမေးခွန်းများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများတွင် ရဲဝံ့စွာမေးမြန်းဆွေးနွေးလေ့ရှိသည်ဟုဆိုသည်။[8]

ကိုးကား

  1. ဒေါ်စန္ဒာမင်း – NLD Yangon
  2. ဒေါ်စန္ဒာမင်း( ဇမ္ဗူသီရိမဲဆန္နနယ်) | Pyithu Hluttaw
  3. Kyaw Myo Win။ "Winning NLD candidate list announced in state tv"၊ MRTV၊ 2 April 2012 2 April 2012 တွင် ပြန်စစ်ပြီး
  4. Myo Thant။ "88-student, hip-hop singer file to run"၊ Mizzima၊ 18 January 2012 3 April 2012 တွင် ပြန်စစ်ပြီး
  5. Frontier (23 July 2015)။ NLD MP Daw Sandar Min: ‘We do not want to see marriage between Bengali people and Myanmar people’
  6. ကျမချစ်သော ပြည်သူများကို အသိပေးတင်ပြပါတယ်။ | ဖေ့စ်ဘွတ်ခ်
  7. "ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းကြီးများ၏ ဘဏ္ဍာငွေသုံးစွဲမှုကို စစ်ဆေးခွင့်မရရှိခြင်းမှာ စာရင်းစစ်ချုပ်ရုံး၏ ရည်ရွယ်ချက်များကို သွေဖည်ရာရောက်ကြောင်း တိုင်းဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌပြောကြား" . The Daily Eleven Newspaper. Retrieved on 1 September 2020.
  8. ရန်ကုန်တိုင်းအစိုးရအပေါ် ထောက်ပြချက်တွေ အရမ်းများသွားလေသလား ဒေါ်စန္ဒာမင်း | သံမဏိနှင်းဆီဂျာနယ်

ပြင်ပလင့်ခ်များ

http://www.sandarmin.com/ (ဖေ့စ်ဘွတ်ခ်)

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.