စပါးကြီးမြွေ

စပါးကြီးမြွေသည် ၁ဝ ပေမှ ပေ ၂ဝ အထိရှည်၍ တစ်ခါ တစ်ရံ ပေ ၃ဝ မျှပင် ရှည်တတ်သည်။ စပါးကြီးမြွေ၌ အဆိပ် မရှိချေ။ သို့ရာတွင် သမင်စသော သတ္တဝါများကို မိမိ၏ကိုယ်ဖြင့် ရစ်ပတ်ကာဖျစ်ညှစ်ဆွဲဆန့် သတ်ဖြတ်ပြီးနောက် အကောင်လိုက် မျိုချတတ်သည်။ စပါးကြီးမြွေများကို အာရှ၊ အာဖရိက နှင့် ဩစတြေးလျတိုက်များရှိ အပူပိုင်းဒေသများ၌ တွေ့ရ သည်။ အရောင်မှာ အဝါ၊အညို၊အမည်းတို့တွင် မှန်ကူကွက်များ ကဲ့သို့ အကွက်များဖြစ်နေရာ ယင်းကို သစ်ကိုင်း သစ်ခက်နှင့် သစ်ပင်ရိပ်များအကြားတွင် လွယ်ကူစွာ မြင်နိုင်ရန် ခဲယဉ်း သည်။ ရေတိမ်ရာဗွက်တောများ၌ အနေများသည်။ ရေကူး၊ သစ်ပင်တက် ကျင်လျင်သည်။

စပါးကြီးမြွေ
Python bivittatus
သဘာဝထိန်းသိမ်းခြင်း အခြေအနေ

Vulnerable  (IUCN 3.1)[1]
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
Chordata
မျိုးပေါင်းစုသေး:
Vertebrata
မျိုးပေါင်း:
Reptilia
မျိုးစဉ်:
Squamata
မျိုးစဉ်သေး:
Serpentes
မျိုးရင်း:
Pythonidae
မျိုးစု:
Python
မျိုးစိတ်:
P. bivittatus
ဒွိနာမ
Python bivittatus
Kuhl, 1820
Synonyms

Python molurus bivittatus Kuhl, 1820[2]

စပါးကြီးမြွေသည် တဖြည်းဖြည်းကြီးသော မြွေမျိုးဖြစ်သည်။ အသက်ရှည်ရှည်နေသည်။ မြွေမသည် ဥအလုံးတစ်ရာ နီးပါးမျှ အုတတ်၍ ဥမှ အကောင်ကလေးများ ပေါက်သည့်တိုင်အောင် မည်သည့်နေရာသို့ မသွားဘဲ ဥများကို ရစ်ပတ်၍ စောင့်ရှောက် နေတတ်သည်။ ထိုသို့ဝပ်နေသော အချိန်တွင် မြွေမသည် အစာ မစားချေ။

စပါးအုံးသည် စပါးကြီးမြွေ အငယ်စား ဖြစ်သည်။[3]

ကိုးကား

  1. Python bivittatus IUCN Red List of Threatened Species. Version 2012.1 International Union for Conservation of Nature (2012)။ 17 October 2012 တွင် ပြန်စစ်ပြီး။
  2. တမ်းပလိတ်:NRDB species
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.