စဝ်စန္ဒာ

စဝ်စန္ဒာ (ခေါ်) စောနန်းမြစန္ဒာ သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ သမီးကြီး ဖြစ်သည်။ ငယ်စဉ်အခါက မက်သဒစ်ကျောင်း နှင့် ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး လန်ဒန် ကိန်းဘရစ်ချ်တွင် မနုဿဗေဒ ပညာကို လေ့လာခဲ့ရာ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ဤ၌ပင် သူမ၏ ခင်ပွန်းလောင်း ပီတာဆင်းနှင့် တွေ့ဆုံခဲ့ပြီး ၁၉၅၆-ခုနှစ်တွင် လန်ဒန်မြို့မှ ရန်ကုန်အထိ လင့်ရိုဗာကားဖြင့် စွန့်စွန့်စားစား ခရီးသွားခဲ့ကြသည်။ ထိုစဉ်က ဘားမားအသံလွှင့် လုပ်ငန်း(BBS)တွင် သတင်းကြေညာသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာအို၊ ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ ကနေဒါ၊ အိုမန်နိုင်ငံတို့တွင် ဂျာနယ်လစ်များအဖြစ် နှစ်ဦးစလုံး တာဝန်ထမ်းဆောင်ခဲ့သလို ခင်ပွန်းသည်နှင့် အတူ စာအုပ်များ ရေးသားခဲ့သည်။ [2]

စဝ်စန္ဒာ
ပညာရေးမဟာဝိဇ္ဇာဘွဲ့ (မနုဿဗေဒ)
မိခင်ကျောင်းကိန်းဘရစ်ချ် တက္ကသိုလ်
ထင်ရှားသည့်
လုပ်ဆောင်မှု
The Moon Princess: Memories of the Shan States
အိမ်ထောင်ဖက်(များ)ပီတာဆင်း
မိဘ(များ)စဝ်ရွှေသိုက်၊ စဝ်နန်းစန္ဒာ[1]

ကိုးကား

  1. သန်းဝင်းလှိုင်။ ပထမဆုံး နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက် ၂၀ မေ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. နိုင်ဦး (ဘာသာပြန်) လမင်းသမီး စောနန်းမြစန္ဒာ၊ The Moon Princess ၊ ၂၀၁၅၊ ဇန်နဝါရီ ပထမအကြိမ်


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.