စာတိုက်

စာတိုက်

မြန်မာမှုတွင် စာတိုက်ဟူသည်ကား ပိဋကတ်ပေစာ အစရှိ သော စာပေကျမ်းဂန်များကို သိုမှီးရာ ဖြစ်သော ဇာတ်စုံသေတ္တာ များ ဖြစ်သည်။ ရေးသောအခါ စာတိုက်ဟု ရေးသော်လည်း ဖတ်သောအခါ စတိုက်ဟု ဖတ်ရသည်။ ယခု ခေတ်ခေါ်၌ စာတိုက်ဟူသည်ကို ချောစာများ ပေးပို့ရာဖြစ်သော စာပို့တိုက် ဌာနဟု နားလည်းကြသည်။ သို့သော် ရှေးအခေါ် စာတိုက်မှာမူ ပေစာများကို သိမ်းဆည်းသိုမှီးရာဌာန ဖြစ်သည်။

စာတိုက်များကို ရှေးဘုန်းတော်ကြီးကျောင်းများတွင် တွေ့ရ သည်။ စာတိုက်မှာ စင်စစ်အားဖြင့် ကျွန်းသေတ္တာပင် ဖြစ်သော် လည်း အခြေတပ်သော အမွှမ်းတင် ခိုနန်းချိုးဗီရိုများလည်း ရှိသေးသည်။ ရှေးအခါက ရှင်ပြုရဟန်းခံများ၌ လှူဖွယ်ဝတ္ထု ပစ္စည်းများတွင် ပိဋကတ်သုံးပုံနှင့်တကွ စာတိုက်ကိုပါ လှူဒါန်း ကြ၏။ ထိုအကြောင်းကို စလေဦးပုည၏ ရှင်ပြုမေတ္တာစာ တစ်စောင်တွင် 'ဇိနာပဝရ၊ လူ့ဘဘုရား၊ ရုပ်တော်ပွားနှင့်၊ သုံးပါးပိဋကတ်၊ ပရိယတ်ဓမ္မက္ခန်၊ ကျိန်းဝပ်ရန် စာတိုက်၊ သိုက်မြိုက်တင့်တယ်၊ လှူဒါန်းဖွယ်နှင့် ရင်ဝယ်ဖြစ်သော သား ရတနာကို၊ သာကိယဝံသ၊ ဂေါတမနွယ်သို့ ဝင်စေ၍'ဟု ပါရှိ သည်။

မည်သည့်ခေတ်က စာတိုက် စတင်ပေါ်ပေါက်ကြောင်းကို မသိရသေးချေ။ သို့ရာတွင် တွေ့ရသမျှ အစောဆုံး အထောက် အထားကား ဘုရင့်နောင်လက်ထက် အခါပင် ဖြစ်သည်။ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားသည် စာတိုက် နှင့်တကွ ပိဋကတ်တော်များကို သာသနာ စည်ပင်အံ့သောငှာ မြန်မာနိုင်ငံတော် အရပ်ရပ်သို့ ပို့ကြောင်းနှင့် သခင်ကြီးဧချင်း တွင် 'ယိုးဒယားမကြွင်း၊ ခုံ့လင်းဇင်းက၊ တနသ‡ာရီ၊ ထားဝီ ထားဝယ်၊ ဇင်းမယ်သိန်းခို၊ ထိုထိုသာသနာ၊ တည်ရာသို့ ပရိက္ခရာအကွ၊ ဒါနစေ့စုံ၊ စွန့်ကြဲကုံလျက်၊ သုံးပုံပိဋကတ်၊ တုလွတ်အံ့ထိုက်၊ ရွှေစာတိုက်ကို၊ အမြိုက်ဝေညိ|၊ ကြဲ ဖြန့်ချိ၏။' ဟူ၍ စပ်ဆိုထားသည်။

စာတိုက်ကို ရှေးမြန်မာတို့သည် လှပအောင် မွမ်းမံခြယ် လယ်ကြသည်။ ကျွန်းသားတွင် သစ်စေးသုတ်၍ မှန်စီရွှေချကြ ၏။ အမွှမ်းအပြောက်ဆင်၏။ အခြေတပ်သော ပြသာဒ်ကဲ့သို့ ပြုလုပ်၏။ ဇာတ်ရုံ၌စုံဖြင့် တန်ဆာဆင်၏။ ထိုသို့ အလှအပ အဆန်းအကြယ် ပြုလုပ်ပုံများကို၊ ဦးပုည မေတ္တာစာများတွင် 'ဝိသုကံမဃ၊ နတ်ဆရာမှီရသည်၊ ပန်းချီတကာဝိဇ္ဇာ၊ စိတြ ဂီဝါ၊ ရွှေမင်းဆေးဇဝါ၊ ရတနာကွက်ဆန်း၊ သဇင်မုလေးတွဲ့၊ နဂါးသွဲ့ခြူးနွယ်ရုံ၊ ဝတ်မှုံနှင့်ဝတ်ဆံ၊ ပြန်ကဟပ် ပြန်ကပတ်၊ ဇာတ်ရုံစုံအထွက်၊ ကောင်းကင်ပျံ ကျေးငှက်တို့၊ တေးချက်ကျ ပလီဟန်၊ ဆေးစက်ကျစီမံလျက်၊ နီဖလံအချုပ်၊ ပန်းချီပျံခြယ် လုပ်သော၊ ဆယ်လှော်ခုတ်မင်းစံ၊ ရွှေစာတိုက်ဘိမ်းခံကို'ဟူ၍ မြင်းခြံက ပုသိမ်သို့ စာတိုက်မှုနှင့်ပေး မေတ္တာစာတွင် ပေါ်လွင် စာ ဖော်ပြထားသည်။

ရှေးမြန်မာဘုရင်၊ ဖိဖုရားနှင့် မင်းညီမင်းသားတို့လည်း မှန်စီ ရွှေချ စာတိုက်တော်များကို ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းလေ့ ရှိကြသည်။ မင်းတုန်းမင်းဆရားကြီး၏ မိဖုရား ခေါင်ကြီးသည် မှန်စီရွှေချ စာတိုက်တော်ကို မှန်ကျောင်းသို့ လှူတော်မူခဲ့သည်။ ယင်းစာတိုက်မှာ လန်ဒန်မြို့ ပြတိုက်မှ တစ်ဆင့်၊ မြန်မာနိုင်ငံသို့ ပြန်လည် ယူဆောင်ခဲ့သောစာတိုက် ဖြစ်၏။ ထိုစာတိုက်တွင် အခြေ ၁၂ ချောင်းရှိ၍ ၆ ပေခွဲခန့် မြင့်သည်။ မှန်စီရွှေချ၍ အထက်တွင် ပြာသာဒ်ပေါက်ထား သည်။ 'ရွှေဘိုရှင်ဘုရင်သ္မီးတော်၊ မင်းတုံးမင်း မိဘုရားခေါင် ကြီး၊ စုကြီး သို့မဟုပ် စုကြီးစု၊ မှန်ကြောင်းတွင် လှူသော စာတိုက်ဟု ကြေးပြားတွင် ကမ္ပည်းထိုးထားလေသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.