စိန်ပန်းပင်

ရုက္ခဗေဒ အလိုအားဖြင့် စိန်ပန်းပင်ကို 'ပွိုင်စီအားနား ရီဂျီယား'ဟု ခေါ်၏။ ထိုအပင်သည် 'လီဂူမီနိုစီး' မျိုးရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံ၌ သဘာဝအလျောက် ပေါက်သော အပင်မျိုး မဟုတ်ပေ။ မူလပေါက်ရောက်ရာအရပ်မှာ အာဖရိက တိုက်အနီးရှိ မက်ဒါဂက်စကာကျွန်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ရှေးအခါမှစ၍ စိန်ပန်းပင်ကို စိုက်ပျိုးခဲ့ကြသည်။

စိန်ပန်းပင်။

စိန်ပန်းပင်သည် အမြင့်ပေ ၃ဝ မကရှိသည်။ အရွက်များ မှာ မန်ကျည်းရွက်နှင့် ဆင်တူသည်။ အခေါက်မှာညို၍ အနည်း ငယ်ကြမ်းသည်။ မိုးဦးကျတွင် လှပသောပန်းပွင့်များပွင့်သည်။ ပန်းပွင့်များမှာ ကြီး၍ အနီရောင်အမျိုးမျိုးရှိကြသည်။ အပေါ် ပွင့်ချပ်၌ အနီနှင့် အဝါစင်းများများ ပါရှိကြသည်။ အသီးမှာ အသီးတောင့်များဖြစ်သည်။ ထိုအသီးတောင့်များသည် အပြား ကြီး၍၊ အလျား ၁ ပေမှ ၂ ပေအထိ ရှိသည်။ စိန်ပန်းပင်သည် တစ်နှစ်ပတ်လုံး အမြဲတမ်းလိုပင် စိမ်း လန်းနေတတ်သော်လည်း၊ အရိပ်ကောင်းသော အပင်မျိုးကား မဟုတ်ပေ။ နွေရာသီ၌ ရက်သတ္တစ်ပတ်အနည်းငယ်ကြာခန့်သာ အရွက်များကင်း လျက်ရှိသည်။ လှပသော ပန်းပွင့်များ ပွင့်သော ပန်းပင် တစ်မျိုးအဖြစ်ဖြင့် စိန်ပန်းပင်ကို စိုက်ကြသည်။ စိန်ပန်း ပင်သည် သန်မာ၍ အကြီးမြန်သော အပင်မျိုးဖြစ်သည်။ စိန်ပန်းပင်ကိုအစေ့မှ စိုက်ပျိုးလေ့ရှိသည်။ သို့သော်အကိုင်း များကို ဖြတ်၍လည်း စိုက်ယူနိုင်သည်။ မိုးတွင်းအခါ၌ သီးတောင့်များမှည့်သည်။ သီးတောင့်များမှ မျိုးစေ့ထုတ်ယူ၍ ကောင်းစွာသိမ်းထားရသည်။ မျိုးစေ့များမှ အညေ|ာက်များ ပေါက်လာစေရန် မြေအိုးတွင် ဦးစွာများမှ စိုစွတ်နေအောင် ပြုလုပ်ထားသော မြေဩဇာထဲတွင် ၂ လခန့်မြှုပ်ထားရသည်။ ထို့နောက် မိုးဦးကျတွင် အညေ|ာက်ပေါက်လာသော အစေ့များ ကို ပျိုးခင်းတွင်တစ်ဖန် စိုက်ပျိုးရသည်။ ပျိုးခင်းတွင် ၂ နှစ် ခန့်စိုက်ပျိုးပြီးနောက် အပင်ငယ်ကလေးများကို အလိုရှိသည့် နေရာများသို့ ပြောင်းရွှေ့၍ စိုက်ပျိုးကြသည်။ ပူသောရာသီဥတု ရှိသည့်နေရာများ၌ စိုက်ခါစ အပင်ကလေးများကို ရေလောင်း ပေးရန်လိုသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.