စိုးမင်းကြီးစေတီ

စိုးမင်းကြီးစေတီသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင်ရှိပြီး အေဒီ(၁၁၇၅) ခုတွင် စိုးမင်းကြီး တည်ခဲ့သည်။ စိုးမင်းကြီးစေတီ တည်ရာတွင် အောက်ခြေတွင် ပစ္စယာအဆင့်ဆင့်ခံ၍ အပေါ်၌ စေတီတည်ထားခြင်း ဖြစ်သည်။ စိုးမင်းကြီးစေတီ၏ ပစ္စယာအဆင့်များတွင် မူလက အလွန်လှပသည့် စဉ့်ကွင်းများ အပြည့်ရှိခဲ့သော်လည်း ယခုအခါ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။[1] စေတီပုထိုးအမှတ်မှာ ၁၁၄၅/၄၉၁ ဖြစ်သည်။

စိုးမင်းကြီးစေတီ

ပစ္စယာအဆင့်ဆင့် အောက်ကခံပြီး အပေါ်က စေတီကြီးပေါက်ထားသော စိုးမင်းကြီးဘုရားကဲ့သို့ အမျိုးအစားမျိုးမှာ ပုဂံဒေသတွင် ဤတစ်ဆူတည်းသာ ရှိသည်။ ပစ္စယာအဆင့် ဘောင်တန်းများ၌ ပန်းနွယ်အခွေများအကြား နတ်လူ စသောပုံများ၊ ကုန်းသတ္တဝါ ရေသတ္တဝါတို့၏ ပုံများညှပ်၍ အလွန်လှပစွာပြုလုပ်ထားသော စဉ့်သုတ်ပုံချပ်ရှည်များဖြင့် တစ်လျှောက်လုံး ပတ်လည်အဆင့်ဆင့် စီကပ်ထားသည်မှာ ထူးခြားလှသောအမျိုးအစား ဖြစ်သည်။[2]

ကိုးကား

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ
  2. ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.