စိုးမင်းဦး (ဘောလုံးသမား)

စိုးမင်းဦး(၈ မတ်လ ၁၉၈၈ ခုနှစ်)သည် ဘောလုံးသမားတစ်ဦးဖြစ်ပြီး မြန်မာ အမျိုးသား ဘောလုံးအသင်းနှင့် ကမ္ဘောဇဘောလုံးအသင်းတို့တွင် ကစားခဲ့သည်။ [2][3]အလယ်တန်းကျောင်းသား ဘဝကပင် သူသည် ကျောင်းသား အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ [1]၂၀၀၄ ခုနှစ်တွင် မန္တလေးအားကစားအင်စတီကျူသို့ ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင်ပင် မြန်မာ ယူ-၁၆ အသင်းအတွက် ရွေးချယ်ခြင်း ခံခဲ့ရသည်။[1] ၂၀၀၄-၂၀၀၅ ရာသီတွင် မြန်မာပရီးမီးယားလိဂ် ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်သော တံခွန်အသင်းတွင် ကစားခဲ့သည်။ [1]၂၀၀၆ ခုနှစ်တွင် တံခွန်အသင်း ဖျက်သိမ်းလိုက်ပြီးနောက် သူသည် YCDC FCတွင် ကစားခဲ့သည်။ [1]၂၀၀၇ ခုနှစ်မှ စ၍ ရှေ့ပိုင်းနှစ်တွေအားလုံးသည် လက်ရှိ ကလပ်အသင်းဖြစ်သော ကမ္ဘောဇ ဘောလုံးအသင်းနှင့် လက်တွဲကစားခဲ့သည်။ [1]၂၀၀၉ ခုနှစ်တွင် မြန်မာ ပရီးမီးယာလိဂ်ကို ပရော်ဖက်ရှင်နယ် ဘောလုံးကစားပွဲများ ဖြစ်လာစေရန် ရည်သန်၍ အဆင့်မြှင့်လိုက်သော အခါတွင်လည်း သူကို နိုင်ငံတစ်ဝန်း ကလပ်အသင်းများစွာတို့မှ စိတ်ဝင်းစားခဲ့သော်လည်း သူသည် ကမ္ဘောဇအသင်းနှင့်သာ ဆက်လက်၍ လက်တွဲခဲ့သည်။

စိုးမင်းဦး
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ စိုးမင်းဦး
မွေးသက္ကရာဇ် (1988-03-08) ၈ မတ်၊ ၁၉၈၈
မွေးရပ်ဇာတိ  မြန်မာ
အရပ်အမြင့် ft ၇ in (၁.၇၀ m)
ကစားသည့်နေရာ ရှေ့တန်း(တိုက်စစ်)
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ကမ္ဘောဇ
အင်္ကျီနံပါတ် ၁၀
လူငယ်ဘဝကလပ်များ
၂၀၀၄ Mandalay Institute of Sports[1]
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၀၄-၂၀၀၅ တံခွန် FC (MPL)[1]
၂၀၀၆-၂၀၀၇ YCDC FC (MPL)[1]
၂၀၀၇-၂၀၀၉ ကမ္ဘောဇ (MPL)[1]
၂၀၀၉- ကမ္ဘောဇ
နိုင်ငံကိုယ်စားပြုအသင်း
၂၀၀၄ မြန်မာ ယူ-၁၆ ၁၂ (၀)
၂၀၀၉ မြန်မာ ယူ-၂၃
၂၀၁၀ မြန်မာ အမျိုးသား ဘောလုံးအသင်း (၂)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ဇူလိုင် ၂၊ ၂၀၁၄ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

စိုးမင်းဦးသည် 2009 AFC President's Cup ပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းခဲ့သူ ဖြစ်သည်။

နိုင်ငံတကာပွဲ သွင်းဂိုးများ

စဉ်ရက်စွဲဘောလုံးကွင်းပြိုင်ဘက်အသင်းသွင်းဂိုးရလဒ်ပြိုင်ပွဲ
၂ မတ် ၂၀၁၃သုဝဏ္ဏ အားကစားကွင်း, ရန်ကုန်  ဂူအမ်1–05–02014 AFC Challenge Cup qualification
၆ မတ် ၂၀၁၃သုဝဏ္ဏ အားကစားကွင်း, ရန်ကုန်  အိန္ဒိယ1–01–02014 AFC Challenge Cup qualification
၈ စက်တင်ဘာ ၂၀၁၄, Philippine  ဖိလစ်ပိုင်1-03-22014 Philippine Peace Cup


ကိုးကား

  1. "Interview with Myanmar International Soe Min Oo (Video conversation in Burmese)"၊ Eleven TV၊ 17 March 2013။
  2. "AFF Suzuki Cup::Myanmar:Soe Min Oo"၊ AFF Suzuki Cup 11 January 2016 တွင် ပြန်စစ်ပြီး Archived from the original on 25 March 2013။
  3. "MFF announced Myanmar Squad for 2014 AFC Challenge Cup Qualifiers (in Burmese)"၊ Myanmar Football Federation၊ 1 March 2013 11 January 2016 တွင် ပြန်စစ်ပြီး Archived from the original on 17 March 2013။



ကိုးကား



    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.