စိုးမြတ်မင်း (ဘောလုံးသမား)

စိုးမြတ်မင်း(၁၉ မေလ ၁၉၈၂ ခုနှစ်ဖွား)သည် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း တစ်ဦးဖြစ်သည်။ သူသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကမ္ဘောဇ ဘောလုံးအသင်းတို့အတွက်ကစားခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ မြန်မာအမျိုးသားတွင် ၁၉၉၈ ခုနှစ်မှ စတင်၍ ကစားခဲ့သည်။ ၂၀၀၂ တိုက်ဂါးဖလားတွင် မြန်မာလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

စိုးမြတ်မင်း
ကိုယ်ရေးအချက်အလက်များ
မွေးသက္ကရာဇ် (1982-05-19) မေ ၁၉၊ ၁၉၈၂[1]
မွေးရပ်ဇာတိ ရန်ကုန်မြို့မြန်မာနိုင်ငံ
အရပ်အမြင့် ၁.၇၀ m (၅ ft ၇ in)
ကစားသည့်နေရာ တိုက်စစ်မှူး
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ကမ္ဘောဇ (မန်နေဂျာ)
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၉၈၂၀၀၈ ဘဏ္ဍာနှင့် အခွန်
၂၀၀၈၂၀၁၀ ကမ္ဘောဇ
နိုင်ငံကိုယ်စားပြုအသင်း
၂၀၀၁၂၀၀၅ မြန်မာ ယူ-၂၃
၁၉၉၈၂၀၀၈ မြန်မာ ၁၅၀ (၅၉)
အုပ်ချုပ်ခဲ့သော အသင်းများ
၂၀၁၅– ရှမ်းယူနိုက်တက်

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ၇ ဒီဇင်ဘာ ၂၀၀၈အထိ ဖြစ်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

၂၀၀၄ တိုက်ဂါးဖလားတွင် စိုးမြတ်မင်းသည် အားထားရသော ကစားသမားတစ်ဦးဖြစ်လာပြီး မြန်မာအသင်းအား ဆီးမီးဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထိုပြိုင်ပွဲတလျှောက်တွင် သူသည် ၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယဂိုးအများဆုံးသွင်းနိုင်သူတစ်ဦး ဖြစ်ခဲ့သည်။ [2]

စိုးမြတ်မင်းသည် ၂၀၀၆ မာဒေကားဖလားတွင်လည်း မြန်မာအသင်းအား ၄ ကြိမ်မြောက်ဗိုလ်စွဲသူ ဖြစ်လာစေရန်အတွက်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ကာ ထိုပြိုင်ပွဲအတွက် တန်ဖိုးကြီးသော အားကစားသမားတစ်ဦး ဖြစ်ခဲ့သည်။ စိုးမြတ်မင်းသည် ၂၀၀၇ အာဆီယံဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးများ လုပ်ဆောင်နေစဉ်ကာလအတွင်း ဒဏ်ရာရရှိခဲ့ကာ အုပ်စုပွဲများတွင်ပင် ဝင်ရောက်ကစားနိုင်ခြင်း မရှိခဲ့ချေ။ ထိုပြိုင်ပွဲတွင် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်သို့ပင် မရောက်ရှိခဲ့ချေ။ မြန်မာ့ဘောလုံးကြယ်ပွင့်ဖြစ်သော စိုးမြတ်မင်းသည် ၂၀၀၈ အာရှဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ခဲ့ကာ နီပေါအသင်းအား ဂိုးသွင်းယူခဲ့သည်။ [3]

စိုးမြတ်မင်းသည် ဂရင်းရွိုင်ရယ် ဖိတ်ခေါ်ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မလေးရှားအသင်းအား ဟက်ဒရစ်သွင်းယူခြင်း[4][5]၊ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းအား ၂-၁ ဖြင့် အနိုင်ရရှိစေခြင်းဖြင့် မြန်မာအသင်းအား ချန်ပီယံဖြစ်စေခဲ့သည်။[4] သူသည် နိုင်ငံတကာပွဲပေါင်း ၁၅၀ ခန့်ကစားခဲ့ပြီး နိုင်ငံအတွက် ၅၉ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ကိုးကား

  1. FIFA profile
  2. Lewis named Emirates MVP 19 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။
  3. AFC Report 5 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။
  4. Challenge Cup: Myanmar Beat Indonesia To Win Final | Goal.com
  5. Challenge Cup: Myanmar Thrash Malaysia | Goal.com


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.