စိုးမြတ်သူဇာ

စိုးမြတ်သူဇာ (၁၉၇၁-) သည် မြန်မာ သရုပ်ဆောင်နှင့် စာရေးဆရာမ ဖြစ်သည်။

ငယ်ဘဝ

၁၉၇၁ ခု၊ ဩဂုတ်လ ၃၁ ရက်တွင် ဗိုလ်မှူး စိုးမြင့်၊ ဒေါ်ကြည်ကြည်ခင်တို့မှ ရန်ကုန်၌ မွေးသည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံး ဖြစ်သည်။ ညီမများဖြစ်သည့် စိုးမြတ်နန္ဒာ၊ စိုးမြတ်ကလျာ တို့သည်လည်းကောင်း၊ ဝမ်းကွဲညီမများဖြစ်သည့် စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင် တို့သည်လည်းကောင်း အနုပညာသည်များ ဖြစ်သည်။

အနုပညာ လှုပ်ရှားမှု

၁၉၈၉ ခု၊ စက်တင်ဘာလတွင် ရုပ်ရှင်လောကထဲသို့ ရောက်ရှိလာသည်။ [1]

ပါဝင်သော ဇာတ်ကားများ

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ ဇာတ်ကောင်နေရာ မှတ်ချက်
နော်ရင်မွှေး ၁၉၉၄ အောင်စိုးဦး နော်ရင်မွှေး
ရွှေနံ့သာစံအိမ် ၁၉၉၈ မောင်နန္ဒ ခွာညို

ရေးသားသော စာအုပ်များ

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
အချစ်စစ်စစ်များ
မောင့်အတွက်
ယုံကြည်၍ ခံစားရသည်၊ ခံစားရ၍ ယုံကြည်
ချစ်မိတဲ့အခါ
အနားသတ်သစ္စာ
Feeling 35 [2]

ကိုးကား

  1. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ
  2. စိုးမြတ်သူဇာ။ "Feeling 35"။ ဇမ္ဗူတလူ စာပေ၊ ရန်ကုန်။ ၂၀၀၇၊ ဇန်နဝါရီ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.