စိုးလွင်လွင်
စိုးလွင်လွင် (၁၉၆၂–၁၉၉၉) သည် ၁၉၈၀ ခုနှစ်များတွင် ထင်ပေါ်ကျော်ကြားသည့်အဆိုတော်တစ်ယောက်ဖြစ်သည်။ အဆိုတော် ကိုင်ဇာ၊ လွှမ်းမိုး၊ မောင်ဂဠုန်တို့အတွက် အောင်မြင်သော သီချင်းများကို ရေးစပ်ပေးခဲ့သည်။ ချစ်လူမိုက်၊ ငယ်သူမို့၊ အမေ၊ မောင့်မျက်ရည်ဝိုင်း၊ ကိုယ်ချင်းစာနာခဲ့ရပြီလေ၊"စိတ်ဖြေသီချင်း" စသော သီချင်းများသည် သူ၏ အောင်မြင်သည့် သီချင်းအချို့ဖြစ်သည်။[1] ၁၉၉၉ ဇူလိုင် ၂၅ တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ်တွင် သားတစ်ယောက် သမီးတစ်ယောက် ကျန်ခဲ့သည် ။
အလ်ဘမ်များ
- မင်းထက်သာတဲ့သူ (၁၉၈၂)
- ချစ်လူမိုက် (၁၉၈၄)
- သူရဲကောင်းဒို့နှလုံသား (၁၉၈၆)
- မောင့်မျက်ရည်ဝိုင်း (၁၉၈၈)
- ကျွန်တော်မသိတဲ့ကျွန်တော် (၁၉၈၉)
- မာနမျက်နှာ (၁၉၈၉)
- မြင်းရိုင်းတစ်ကောင် (၁၉၉၀)
- ဆယ်လ်မွန်ငါးတို့အပြန်
- မန္တလာမှာဝေတဲ့နှင်း
- လူဆိုးတွေနဲ့မောင်တိုင်ပင်
- သံယောဇဉ်မြစ်တစ်စင်း
- သံစဉ်သစ်
- ကာရန်သစ်
- လက်ဆောင်သစ်
- ဝတ်မှုန်နဲ့ ဘဝဆက်တိုင်းအတူ
- အိပ်မက်ခါးတွေစားတဲ့ည
ကိုးကား
- Andrew Sway – Remembering Soe Lwin Lwin | MoeMaKa Burmese News & Media။ 6 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2017 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.