စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်များအား ထမ်းဆောင်နေသူဖြစ်သည်။ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၂၂)မှ ကျောင်းဆင်းသူတစ်ဦး ဖြစ်သည်။ ဗထူးတပ်မြို့ရှိ တိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်ကာ {ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)} အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး

စိုးဝင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူရာထူးစတင်
ကိုယ်ရေး အချက်အလက်များ
ကြင်ဖော်(များ)သန်းသန်းနွယ်
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၀-လက်ရှိ
ရာထူး ဒုတိယဗိုလ်ချုပ်မှူးကြီး
Commandsဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။[1]


ကိုယ်ရေးအကျဉ်း

  • DSA အပတ်စဉ် (၂၂) (ကြည်း - ၁၆၄၈၉)
ခုနှစ်နေရာတာဝန်
၁၉၈၁ဒုဗိုလ်
၂၀၀၆တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)ကျောင်းအုပ်ကြီး
၂၀၀၈မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
၂၀၀၉ဗိုလ်ချုပ်
၂၀၁၀အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး
၂၀၁၁ မတ်ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
၂၀၁၂ ဧပြီ ၃ဗိုလ်ချုပ်ကြီး

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.