စုစုနွေး

စုစုနွေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူ တစ်ဦးဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံအုပ်ချုပ်သူများအား ၁၉၉၉ အလုပ်သမားများအား အဓမ္မခိုင်းစေမှု အက်ဥပဒေဖြင့် တရားစွဲဆိုခဲ့ရာ တရားနိုင်ဖြစ်ခဲ့သူ ပထမဦးဆုံးမြန်မာနိုင်ငံသားဟု ဆိုရပေမည်။[1]

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က နေအိမ်တိုက်ခန်းတွင် တွေ့ရသော မစုစုနွေး
မစုစုနွေး
Su Su Nway
၁၉၇၁ -

စုစုနွေးအား ၂၀၁၁ခုနှစ်တွင် တွေ့ရစဉ်
ကိုယ်ရေး အချက်အလက်
မွေးရက် ၁၉၇၁
အလုပ်အကိုင် နိုင်ငံရေးလှုပ်ရှားသူ၊ ဒီမိုကရေစီအရေး ဆောင်ရွက်သူ
ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ရရှိခဲ့သော အထူးဆုများ ဟိုမို ဟိုမီနီဆု(၂၀၀၇)

အဓမ္မ အလုပ်ခိုင်းစေခံရခြင်းအပေါ် တရားစွဲဆိုခဲ့မှု နှင့် ထောင်ဒဏ်ကျခံရသူ

စုစုနွေးသည် ထန်းမနိုင်ရွာ၊ ကော့မှူးမြို့နယ်မှဖြစ်သည်။[2] သူနှင့် အခြားရွာသားများအပေါ် အနီးရှိ လမ်းဆောက်လုပ်ရေးတွင် အဓမ္မခိုင်းစေခေါ်ယူမှုတို့ကို တိုင်ကြားခဲ့သူလည်းဖြစ်သည်။ [3] အမျိုးသားဒီမိုကရေစီ ရှေ့နေများမှ အမှုဆောင်ရွက်ပေးခဲ့ပြီး၊ ၂၀၀၄ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ထန်းမနိုင်ရွာ ဥက္ကဋ္ဌ ဦးစိန်ပေါအား ထောင်ဒဏ် ၁၆လ၊ အဖွဲ့ဝင် ဦးကျော်သင်း၊ မြင့်သိန်းနှင့် အောင်ခင်တို့အား ထောင်ဒဏ်၈လ အသီးသီး ချမှတ်ခဲ့သည်။ ဦးစိန်ပေါနှင့်အဖွဲ့သည့် သူမအား အသေရိုက်ခံရမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု အမှုတွင် စုစုနွေးမှဆိုသည်။[2]

၂၀၀၅ခုနှစ်တွင် ရွာ၏ အုပ်ချုပ်ရေးမှူးအသစ်မှ သူ့အား အသရေပျက်မှုဖြင့် စုစုနွေးအားတရားစွဲဆိုခဲ့ပြီး၊ တရားရုံးမှ သူမအား အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခဲ့သည်။[2] [4] ထောင်ဒဏ်မချမှတ်မီအချိန်တွင် သူမမှ သတင်းထောက်များအား "ကျွန်မမှာ တာဝန်မရှိပါဘူး၊ အင်အားလည်းမရှိပါဘူး၊ ရာထူးလည်း မရှိပါဘူး။ သူတို့ ဒီလိုပဲ မကျန်းမာတဲ့ သာမန်အမျိုးသမီးတစ်ယောက်ကို ကြောက်ရွံ့ပြီး တရားစွဲနေတယ်ဆိုရင်၊ ကျွန်မတို့က အမြဲနိုင်တဲ့ဘက်က ဖြစ်နေမှာပါ"ဟု ဆိုခဲ့သည်။[5]

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင်၊ သူမ၏ အယူခံမှုကို နယ်တရားရုံးမှ ပယ်ချခဲ့ပြီးနောက် ဆက်လက်အယူခံရန် တိုင်းတရားရုံးအဆင့်ထိကြိုးစားခဲ့သော်လည်း၊ ဆက်လက်ပယ်ချခံခဲ့ရသည်။[6] ၂၀၀၆ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဖိအားပေးမှုကြောင့် ပြန်လည်လွတ်မြောက်ခဲ့သည်၊ ဖိအားပေးခဲ့သည့် သူများတွင် အမေရိကန်အစိုးရ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ၊ ကုလသမဂ္ဂ နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများဖြစ်ကြသည်။[7]

ဒုတိယအကြိမ် ဖမ်းဆီးခံရမှု

၂၀၀၇ခုနှစ်လုံးလုံး စုစုနွေးသည် ပုန်းအောင်နေထိုင်ခဲ့ပြီး၊ လောင်စာဆီဈေးမြင့်တက်မှုအပေါ် ၂၀၀၇ခုနှစ် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင်ပါဝင်ခဲ့ပြီး၊ ဖမ်းဆီးခံရရန်မှ ကံကောင်းစွာ လွတ်မြောက်ခဲ့သည်။[8]၂၀၀၇ခုနှစ် နိုဝင်ဘာ ၁၃ရက် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ပေါင်လို ဆာဂျီရို ပင်ငြဲရိုးသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပါတ်နေခိုက် တည်းခိုသည့် တည်းခိုခန်းအနီးတွင် ဆန္ဒပြဆောင်ပုဒ်များ ချိတ်ဆွဲမှုနှင့် ဖမ်းဆီးခံခဲ့ရသည်[9]

၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၁ရက်နေ့တွင် စုစုနွေးအား ထောင်ဒဏ် ၁၂နှစ် ၆ လ ချမှတ်ခဲ့သည်။ [10] ၂၀၀၉ခုနှစ်တွင် ထောင်ဒဏ်အား ၄ နှစ်အဖြစ်လျှော့ပေါ့ခဲ့ပြီး၊ စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် ချုပ်နှောင်ခံခဲ့ရသည်[9] သူမသည် နှလုံးရောဂါနှင့် သွေးတိုးရောဂါ ခံစားနေရသော်လည်း အကျဉ်းထောင် အာဏာပိုင်များက အစပိုင်းတွင် သူမအား ဆေးကုသပေးရန် ငြင်းဆန်ခဲ့ကြသည်။[5] သူမသည် ၂၀၀၉ ခုနှစ် မေလ ၂၀ တွင် ဆေးရုံတက် ကုသမှု ခံယူခဲ့ပြီး ပြန်လည် ကောင်းမွန်လာခဲ့သောလည်း အမ်နက်စတီ အင်တာနေရှင်နယ် အဖွဲ့၏ အဆိုအရ အကျဉ်းထောင် အရာရှိများက သူမအား မိသားစုနှင့် တွေ့ဆုံခွင့်၊ လုံလောက်သော အစားအစာ၊ သန့်ရှင်းသော အဝတ်အစားနှင့် လိုအပ်သော ဆေးကုသမှုတို့ကို ပေးရန် ငြင်းဆန်ခံခဲ့ရသည်ဟု ဆိုသည်။ သူမသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အရ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ရာတွင် လူရွှင်တော် ဇာဂနာ နှင့် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှ ဇော်ထက်ကိုကို တို့နှင့် အတူ ပြန်၍ လွတ်လာခဲ့သည်။[11]

ကိုးကား

  1. BURMA: Complaints against forced labour blocked and victims punished Asian Human Rights Commission (2004-09-03)။ 2006-06-07 တွင် ပြန်စစ်ပြီး။
  2. UPDATE (Burma): Local officials seek revenge against villager who obtained first successful forced labour prosecution Asian Human Rights Commission (24 May 2005)။ 17 April 2011 တွင် ပြန်စစ်ပြီး။
  3. name="AHRC"
  4. "UN urges Burma to free activists"၊ BBC News၊ 2006-08-06 2011-04-16 တွင် ပြန်စစ်ပြီး
  5. Richard C. Paddock (21 May 2006)။ In Myanmar, a New Voice for Human Rights Los Angeles Times။ 17 April 2011 တွင် ပြန်စစ်ပြီး။
  6. "Burmese junta rejects human rights defender case"၊ BBC News၊ 2006-02-02 2006-06-07 တွင် ပြန်စစ်ပြီး Archived from the original on 2012-07-19။
  7. Aung Lwin Oo။ "Burmese human rights defender released"၊ The Irrawaddy၊ 2006-06-06 2006-06-07 တွင် ပြန်စစ်ပြီး
  8. name="Amnesty"
  9. Su Su Nway Prisoner Profile Assistance Association for Political Prisoners။ 6 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-11-05 တွင် ပြန်စစ်ပြီး။
  10. http://www.irrawaddy.org/article.php?art_id=14614
  11. Political prisoner release should prompt continued pressure on Myanmar Amnesty International (14 October 2011)။ 13 January 2012 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.