စောင်

စောင်သည် နူးညံ့ပြီး ကြီးသည့် အဝတ်အပိုင်းအစတစ်ခု ဖြစ်သည်။ အသုံးပြုသူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားရန် အသုံးပြုကြသည်။ အထူးသဖြင့် အိပ်စက်သည့်အခါမျိုးတွင်လည်းကောင်း၊ အနားယူသည့်အခါမျိုးတွင်လည်းကောင်း အသုံးပြုကြသည်။ ခန္ဓာကိုယ်အား နွေးထွေးစေရန် အသုံးပြုကြခြင်း ဖြစ်သည်။

The Bed by Henri de Toulouse-Lautrec depicts two people under a blanket

အမျိုးအစားများ

စောင်တစ်ခုကို အမျိုးမျိုးသော ပစ္စည်းများဖြင့် ပြုလုပ်လေ့ရှိကြ၏။ သိုးမွေးစသည်တို့ဖြင့် ပြုလုပ်ထားသည့် စောင်သည် ထူထဲသည်။ ချည်ဖြင့် ပြုလုပ်ထားသည့် စောင်များသည် ပေါ့ပါးစွာ အသုံးပြုနိုင်သည်။ ချည်သားစောင်များနှင့်နှင့် နှိုင်းယှဉ်မည်ဆိုပါက သိုးမွေးစောင်များသည် ပိုမို၍ နွေးထွေးပြီး မီးလောင်ခြင်းလည်း နှေးကွေးသည်။

အသုံးပြုမှု

စောင်များကို ရာစုနှစ်များစွာကပင် စစ်တပ်များ၌ အသုံးပြုခဲ့ကြသည်။ စောင်များကို တစ်ခါတရံ ကလေးများအား သက်သောင့်သက်သာဖြစ်စေမည့် ပစ္စည်းများ ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ (ဥပမာ − ပုခက်)

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.