ဆင်တန်လူမျိုး

ဆင်တန်လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ဆင်တန်ချင်းတို့သည်လည်း ဆွမ်တလားအနီး လိုင်လွန်းဂူကြီးမှ ပေါက်ဖွားလာသူများ ဖြစ်သည်ဟု ဆိုသည်။ ထိုမှ ဇိုတလန်ရွာ၊ ထလန်ရွာန်းရွာ၊ ကျုံအုံးရွာများကို အဆင့်ဆင့် ကူးပြောင်းတည်ထောင်ခဲ့ကြသည်။ [1]

ကိုးကား

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.