ဆရာကြီး

ပညာရပ်တစ်ခုခုတွင် စာတွေ့လက်တွေ့ ကျွမ်းကျင်သော ဗဟုသုတများသော ပညာရှင်ကြီး ဖြစ်သည်။ အားကစားတွင်ဖြစ်စေ၊ ကိုယ်ခံပညာရပ်တွင်ဖြစ်စေ၊ ပညာရေးတွင်ဖြစ်စေ စာတွေ့လက်တွေ့ စနစ်တကျ အထူးကျွမ်းကျင်သူ ပညာရှင် (Expert and specialist) အဆင့်ရှိသူကို ခေါ်သည်။ နည်းပြဆရာ/ ဆရာများထဲတွင် ဝါအရင့်ဆုံး၊ ပညာရည်အမြင့်မားဆုံးသော (principal, headteacher, headmaster, headmistress) ပုဂ္ဂိုလ်တို့သည် ထိုအသင်းအဖွဲ့ (ကျောင်း) ၏ ဆရာကြီး ဖြစ်သည်။ အတွေ့အကြုံကြီးမားသူ ဟု နားလည်နိုင်သည်။ တစ်နည်းဆိုရသော် ဆရာကြီး ဆိုသည်မှာ ပညာရပ်ဆိုင်ရာများကို ကောင်းစွာဝေဖန်သုံးသပ်နိုင်စွမ်းသင်ကြားနိုင်စွမ်းရှိသော အတွေ့အကြုံကြီးမားသူ ဝါရင့်ပညာရှင်ဆရာကြီး The Principal and chief learning officer / A person who is the head teacher (chief teacher) in a school ဖြစ်သည်။ စာတွေ့လက်တွေ့ ကျွမ်းကျင်သော ဝါရင့် experienced senior teacher ဟု နားလည်နိုင်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.