ဆရာကြီးဂမုန်း

ဆရာကြီးဂမုန်းပင်သည် လေးကျွန်းကြာခိုင်ပန်းပင်နှင့် သဏ္ဌာန်တူပါသည်။ သို့သော် ဆရာကြီးဂမုန်းပင်သည် အရွက်ဗျက်သေးပြီး အရှည်တိုပါသည်။ ပန်းပွင့် အဖြူပွင့်များ ပွင့်ပါသည်။ အရွက်မှာ အစိမ်းရင့်ရောင် ဖြစ်သည်။ အရွက်၏ အရှည်မှာ ၁၈"ဝန်းကျင်ဖြစ်ပြီး၊ ဗျက်မှာ /"ခန့်ရှိသည်။

ဆရာကြီးဂမုန်းမှာ ပယောဂ မကောင်းဆိုးဝါးများနိုင်ပြီး စီးပွားဥစ္စာ လာဘ်လာဘတိုးပွားပါသည်။ သန့်ပြန့်ခြင်းနှင့် အမွှေးနံ့သာများ ကြိုက်နှစ်သက်ပါသည်။ အပင်လန်းဆန်း ဝေဖြာပြီး အပွင့်ပွင့်နေလျှင် စီးပွားဥစ္စာတိုးတက်၊ အလုပ်အကိုင် အကြံအစည် အောင်မြင်ပါသည်။ အပွင့်မှာ အပေါ်ဘက် ကားပြီး ပွင့်ဖတ်ခြောက်ခု ရှိကာ ပွင့်ဖတ်နှင့် ကပ်ပြီး ဝတ်ဆံမှာလည်း ခြောက်ခုရှိပါသည်။ ဆရာကြီးဂမုန်းပင်သည် လာဘ်ရွှင်မည့်အိမ်တွင် ရက်ပိုင်းလပိုင်းနှင့် ပွင့်ပြီး တချို့အိမ်တွင် လေးငါးခြောက်နှစ်၊ ဆယ်နှစ်ကြာသည့်တိုင် မပွင့်ချေ၊ ဆရာကြီးဂမုန်းပွင့်သော အိမ်သည် အလုပ်အကိုင် အကြံအစည် လာဘ်လာဘရွှင်လျက် စီးပွားဥစ္စာတိုးတက်ပြီး မပွင့်သော အိမ်သည် အလုပ်အကိုင် အပေါက်အလမ်း မတည့်တတ်ပါ။[1]

ကိုးကား

  1. အောင်(ရေကျောင်းအင်ဂျင်နီယာ)၊ စွမ်းအားရှင်ဂမုန်းများ၊ (အောက်တိုဘာလ၊ ၂၀၀၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.