ဆရီဘာနား သဘာဝထိန်းသိမ်းရေး နယ်မြေ

ဆရီဘာနား သဘာဝထိန်းသိမ်းရေးနယ်မြေ သည် ဘူဂေးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း (ဒိုးဘရူးဂျာ တောင်ပိုင်းဒေသ) တွင် ရှိသော သဘာဝထိန်းသိမ်းရေး နယ်မြေ တစ်ခု ဖြစ်ပြီး အမည်တူ ကျေးရွာတစ်ခု ၏ အနီးတွင် တည်ရှိကာ ဆီလီစထရာမြို့၏ အနောက်ဘက် ၁၈ ကီလိုမီတာ နှင့် ဒန်ညုမြစ် ၏ တောင်ဘက် ၂ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ထိုနယ်မြေတွင် ဆရီဘာနားရေကန် နှင့် ပတ်ဝန်းကျင်ဒေသများ ပါဝင်ပြီး ရောမခေတ်က ဖောက်လုပ်ခဲ့သော ဗီယာ ပွန်တီကာ လမ်းပေါ်တွင် တည်ရှိကာ ဥရောပမှ အာဖရိကသို့ ငှက်များ ရွှေ့ပြောင်းသွားလာသော လမ်းကြောင်းပေါ်တွင်လည်း ရှိသည်။

ဆရီဘာနား သဘာဝထိန်းသိမ်းရေး နယ်မြေ
ဆရီဘာနား ရေကန်
တည်နေရာဆီလီစထရာပြည်နယ်၊ ဘူဂေးရီးယားနိုင်ငံ
အနီးဆုံး မြို့ဆီလီစထရာ
ကိုဩဒိနိတ်44°06′52″N 27°04′41″E
ဖွဲ့စည်း1948
Ramsar Wetland
တရားဝင်အမည်Srébarna
ရွေးချယ်ခြင်း24 September 1975
ရည်ညွှန်းနံပါတ်64[1]
ဆရီဘာနား သဘာဝထိန်းသိမ်းရေး နယ်မြေ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  ဘူဂေးရီးယား
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း x
ကိုးကား ၂၁၉
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
သက်တမ်းတိုးခြင်း ၂၀၀၈
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ထိန်းသိမ်းရေးနယ်မြေတွင် ၆ စတုရန်းကီလိုမီတာမျှ ရှိသော ကာကွယ်စောင့်ရှောက်ထားသော ဒေသနှင့် ကြားခံဒေသ ၅.၄ စတုရန်းကီလိုမီတာရှိသည်။ ကန်၏ အနက်မှ ၁ မီတာမှ ၃ မီတာ အထိ ရှိသည်။ ဆောက်လုပ်ဆဲ ပြတိုက်တစ်ခုရှိပြီး ထိန်းသိမ်းရေးနယ်မြေတွင် တွေ့ရသော မျိုးစိတ်များကို ရုပ်လုံးသွင်း စုဆောင်းပြသရန် စီစဉ်လျှက် ရှိသည်။


ကိုးကား

  1. Srébarna 25 April 2018 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.