ဆီယမ်ရိမြို့
ဆီယမ်ရိမြို့ သည် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆီယမ်ရိပြည်နယ်၏ မြို့တော်ဖြစ်သည်။

ဆီယမ်ရိရှိ ပြင်သစ်ရပ်ကွက်ဟောင်း နှင့် ဈေးဟောင်းတဝိုက်တို့တွင် ကိုလိုနီခေတ် ဗိသုကာ လက်ရာ များနှင့် တရုတ်စတိုင်လ် ဗိသုကာ လက်ရာများ ရှိသည်။ မြို့တော်အတွင်းတွင် ပြတိုက်များ၊ရိုးရာ အက်ပ်ဆာရာ အက ဖျော်ဖြေမှုများ၊ ကမ္ဘောဒီးယား ယဉ်ကျေးမှု ကျေးရွာတစ်ခု၊လက်ဆောင်ပစ္စည်းနှင့် လက်မှုပစ္စည်း အရောင်းဆိုင်များ၊ပိုးမွေးမြူရေး စခန်း၊ ကျေးလက် စပါးစိုက်ခင်းများ၊ တံငါရွာ နှင့် တုန်လီဆပ်ရေကန် အနီးရှိ ကျေးငှက်ဥယျာဉ် တစ်ခုတို့ အပြင် မြူးကြွ၍ မြို့ပြဆန်သော သောက်စားပျော်ပါးရာ နေရာများ ရှိသည်။
ယနေ့တွင် ဆီယမ်ရိသည် ရေပန်းစားသော ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာ ဖြစ်သဖြင့် ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊စားသောက်ဆိုင်များ အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသာ စီးပွားရေး လုပ်ငန်း အမြောက်အများ ရှိသည်။ ရေပန်းအစားဆုံး ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရာ နေရာတစ်ခု ဖြစ်သည် အန်ကောဝပ် နှင့် နီးစပ်ခြင်းကြောင့် ဖြစ်သည်။