ဆီးပင်

ဆီးပင်။
Ziziphus zizyphus

ဆီးပင်

ဆီးပင်သည် ပင်လတ်မျိုးဖြစ်သည်။ ရုက္ခဗေဒအရ 'ဇီဇိုင် ဖတ် ဂျုဂျူဗာ'ဟု ခေါ်သည်။ အကိုင်းများငိုက်၍ ပေါက်ကြ သည်။ အကိုင်းများတွင် ဆူးရှိသည်။ ဆူးလုံးဝကင်းသော ဆီးပင်ဟူ၍ မရှိသလောက်ဖြစ်သည်။ အရွက်များမှာ အချို့ခပ် ဝိုင်းဝိုင်း၊ အချို့ခပ်မျောမျောဖြစ်သည်။ ၁/လက်မမှ ၂ ၁/ လက်မအထိ ရှည်သည်။ အပွင့်အရောင်မှာ ဖက်ဖူးရောင် ဖြစ် သည်။ အခိုင်လိုက်ပွင့်တတ်သည်။ အသီးသည် အများအားဖြင့် လုံးဝန်းသည်။ အသီး၏ အရွယ်နှင့် ပုံပန်းတို့မှာ အမျိုးမျိုး ကွဲပြားသည်။ အများအားဖြင့် ၁/ လက်မမှ ၁/ လက်မအထိ ရှည်သည်။ အသီးမှာ အသားများ၍ ချွဲကျိကျိဖြစ်သည်။ မှည့် သောအခါ လိမ္မော်ရောင် သို့မဟုတ် အနီရောင်ဖြစ်သည်။ အစေ့ သည်မာ၍ မညီညာသော မြောင်းများရှိသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ဆီးပင်များကို တွေ့မြင်နိုင် သည်။ အထူးသဖြင့် သွေ့ခြောက်သော မန္တလေး၊ မကွေးနှင့် စစ်ကိုင်းနယ်ပယ်များတွင် ဆီးပင်ပေါသည်။ ထိုဆီးပင်များသည် စိုက်ပျိုးရသော အပင်များ မဟုတ်ဘဲ၊ အလေ့ကျပေါက်သော အပင်များဖြစ်သည်။ တခါတရံ ဥယျာဉ်များတွင် ဆီးပင်များ ကို စိုက်ပျိုး ထားတတ်ကြသည်။

မြန်မာနိုငံ၌ ဆီးပင်ကို အစေ့များမှမျိုးပွားယူကြသည်။ မြေထုပ်စည်းခြင်းဖြင့်လည်း မျိုးပွားယူနိုင်သည်။ အစေ့ကမျိုး ပွားလျှင် ခြောက်နှစ်၊ ခုနစ်နှစ်ကြာမှ အသီးသီးသည်။ သို့သော် မြေထုပ်စည်းခြင်းဖြင့် မျိုးပွားယူလျှင် ပထမနှစ် သို့မဟုတ် ဒုတိယနှစ်တွင် သီးသည်။ ဆီးပင်ကို စိုက်ပျိုးရာတွင် အတန်း လိုက် တစ်ပင်နှင့်တစ်ပင်ပေ ၂ဝ စီခွာ၍ စိုက်ပျိုးသင့်သည်။ ထိုသို့ချိုင်မပေးလျှင် အကိုင်းများငိုက်ကျလျက်နေမည် ဖြစ်၏။ ဆီးပင်သည် အေးသောရာသီဥတုတွင် အပွင့်များပွင့်သည်။ ပူသောရာသီ၌ အသီးမှည့်သည်။

ဆီးတော်သည် အသားများ၍ချို၏။ စလေဆီးသီး ခေါ် ဆီးသီးတမျိုးတွင် အလွန်သေးငယ်သော အစေ့ပျော့များရှိသည်။ ဆီးသီး အမျိုးမျိုးရှိရာ များစွာသော ဆီးသီးတို့မှာချဉ်၏။ ဆီးသီးမှည့်များကိုခူး၍ အခြောက်ခံ ထားတတ်ကြသည်။ ဆီးသီးခြောက်များကို ဆီးယိုထိုးကြသည်။ အမှုန့်ပြု၍လည်း ဆီးပေါင်းလုပ်ကြသည်။ ထို့ပြင် ဆီးပြားလည်းလုပ်ယူတတ်ကြ သည်။ ပူအိုက်သောရာသီတွင် ဆီးသီးခြောက်မှုန့်များဖြင့် ဆီး ဖျော်ရည် ဖျော်သောက်ကြသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.