ဆုပန်ကလျာ

ဆုပန်ကလျာ (ထိုင်းဘာသာ - สุพรรณกัลยา; မြန်မာဘာသာ - ဗြဣန္ဒဒေဝီ ; အင်္ဂလိပ် - Suphankanlaya) သည် ၁၆ ရာစု ယိုးဒယားမင်းသမီးတစ်ပါးဖြစ်ပြီး ဘုရင်နောင်မင်းတရားကြီး၏ မိဖုရားတစ်ပါးလည်း ဖြစ်လေသည်။ ယင်း၏ဘဝအကြောင်းကို မှတ်တမ်းတင်ထားသည့် သမိုင်းမှတ်တမ်းမှာ အနည်းငယ်သာရှိသော်လည်း ယင်းနှင့်ပက်သက်သည့် ဒဏ္ဍာရီအမြောက်အများသည် ထိုင်းတစ်နိုင်ငံလုံးတွင် ပျံ့နှံ့လျက်ရှိလေသည်။ သူမအား ထိုင်းနိုင်ငံ၏ သူရဲကောင်းတစ်ဦးအဖြစ်လည်းကောင်း နတ်သမီး တစ်ပါးအဖြစ်လည်းကောင်း ထိုင်းတို့ ရိုသေမြတ်နိုးကြလေသည်။

Suphankanlaya
Queen consort of Burma
Princess of Ayutthaya
ဖိုင်:Supan Galya.jpg
Statue of Suphankanlaya, at Naresuan Army Camp (ค่ายสมเด็จพระนเรศวรมหาราช), Phitsanulok Province
Queen consort of Burma
နန်းသက်22 January 1567 – 10 October 1581
မွေးဖွားin or before 1554
Phitsanulok
ကွယ်လွန်?
အိမ်ထောင်ဖက်Bayinnaung
သားသမီးများMin A-Htwe
စံအိမ်Sukhothai Dynasty
ခမည်းတော်Maha Thammarachathirat
မယ်တော်Wisutkasat
ကိုးကွယ်မှုTheravada Buddhism


နောင်တွင် အယုဒ္ဓယပြည်၌ မင်းဖြစ်လာသည့် ပိဿလောက်စား မဟာသမ္မာရာဇမင်း နှင့် မယ်တော် ဝိသုကေသထရီ တို့၏ သမီးတော်တစ်ပါးဖြစ်ပြီး မွေးချင်းမောင်နှစ်မများမှာ အယုဒ္ဓယတွင် မင်းဖြစ်လာမည့် မောင်တော် မင်းသားဗြနရာဇ် နှင့် ဧကထိုစရို တို့ဖြစ်ကြသည်။ သူမ၏ မိခင်ဘက်မှ အမျိုးစပ်လျင် ချက္ကရဖတ်မင်းနှင့် မိဖုရား ဆူရီယိုထိုင်းတို့၏ မြေးတော်တစ်ဦးဖြစ်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.