ဆုသီတာ

စုသီတာ (ထိုင်း: สุทิดา, အသံထွက် [sùʔ.tʰíʔ.dāː] ( ); born Suthida Tidjai (ထိုင်း: สุทิดา ติดใจ))သည် ထိုင်းနိုင်ငံ၏ မိဖုရား​ခေါင်ဖြစ်ကာ ဘုရင် ​လောင်ကွန်း၏ စတုတ္ထ​မြောက် မိဖုရားဖြစ်သည်။

စုသီတာ
Suthida
สุทิดา
ထိုင်းနိုင်ငံ၏ မိဖုရားခေါင်
သက်တမ်း၁ ​မေ ၂၀၁၉- လက်ရှိ
နန်းတက်ချိန်၄ ​မေ ၂၀၁၉
မွေးဖွား (1978-06-03) ၃ ဇွန်၊ ၁၉၇၈
ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
အိမ်ထောင်ဖက်ဝဇိရာလင်္ကရဏ (ရာမ ၁၀)
စံအိမ်မဟီ​ဒေါ
(ချက္ကရီမင်းဆက်)
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ဘဝအစ

၁၉၇၈ ခု၊ ဇွန်လ ရက်တွင် မွေးသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဆက်ဆံရေးဘာသာ (Communication Arts) ဖြင့် အဆမ်းပရှင်း တက္ကသိုလ်မှ ဘွဲ့ရသည်။ ထို့နောက် ထိုင်း​လေ​ကြောင်း၏ ​လေယာဉ်မယ် ဖြစ်လာသည်။

စစ်မှုထမ်း ဘဝ

၂၀၁၄ ခုနှစ် ဩဂုတ်လတွင် အိမ်​ရှေ့မင်းသား ​လောင်ကွန်း၏ သက်​တော်​စောင့်အဖွဲ့တွင် တပ်မှူးအဖြစ် ခန့်အပ် ခံရသည်။

ရာထူး အဆင့်ဆင့်

ခန့်အပ် ရက်စွဲ အဆင့် မှတ်ချက်
၂၀၁၀ မေ ၁၄ ဒုဗိုလ်
၂၀၁၀ နိုဝင်ဘာ ၁၄ ဗိုလ်
၂၀၁၁ ဧပြီ ၁ ဗိုလ်ကြီး
၂၀၁၁ အောက်တိုဘာ ၁ ဗိုလ်မှူး
၂၀၁၂ ဧပြီ ၁ ဒုတိယ ဗိုလ်မှူးကြီး
၂၀၁၂ အောက်တိုဘာ ၁ ဗိုလ်မှူးကြီး
၂၀၁၃ နိုဝင်ဘာ ၁၀ ဗိုလ်မှူးချုပ်
၂၀၁၆ ဩဂုတ် ၂၆ ဒုတိယ ဗိုလ်ချုပ်
၂၀၁၆ ဒီဇင်ဘာ ၁၀ ဗိုလ်ချုပ်

မိဖုရား​ခေါင်

အိမ်ရှေ့မင်းသား လောင်ကွန်းမှာ စုဝတီနှင့် ပြတ်စဲပြီးနောက် စုသီတာနှင့် ဇာတ်လမ်းဖြစ်လာသည်။

၂၀၁၉ခုနှစ် ​မေလ၁ရက်​နေ့တွင် ဘုရင် ​လောင်ကွန်း၏ မိဖုရား​ခေါင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။[1]ဘုရင်​လောင်ကွန်းသည် ​မေလ၄ရက်မှ၆ရက်​နေ့အတွင်းတွင် နန်းသိမ်းပွဲကျင်းပခဲ့သည်။လက်မှတ်​ရေးထိုးပွဲကို ဘန်​ကောက်မြို့၊ ​တော်ဝင်နန်း​တော်၌ ကျင်းပခဲ့ပြီး နှမ​တော် မင်းသမီးကြီး သီရိဒုံနှင့် ဘုရင်ခံ​ဟောင်း ပရမ်တို့က အသိသက်​သေအဖြစ် ​ဆောင်ရွက်ခဲ့ကြသည်။[2]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.