ဆုံတားဆရာတော်

ရဟန်းမည် ရှင်နန္ဒမာလာ၊ တံဆိပ်မည် နရိန္ဒာဘိ သိရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရုဘွဲ့ရ၊ ဆုံတားဆရာတော် သည် စဉ့်ကူမင်းလက်ထက်၌ ထင်ရှားသော ကျမ်းတတ်ဆရာ တော် ပုဂ္ဂိုလ်ကျော်တစ်ပါးဖြစ်သည်။ ဇာတိကား ဗန့်ကျီတိုက် စီရင်စု၊ ဆုံတားရွာတည်း။

စဉ့်ကူမင်းလက်ထက်နှင့် ဘိုးတော်ဘုရား လက်ထက်တို့ တွင် အတင်ဂိုဏ်း၊ အရုံဂိုဏ်းကိစ္စ၌ အဆုံးအဖြတ် ပေးရာဝယ် အကြီးအကဲဆရာတော်တစ်ပါးအဖြစ်ပါဝင်၍ အဆုံးအဖြတ်ပေးခဲ့ ၏။ ဘိုးတော်ဘုရားလက်ထက်၌ မင်းအိုဆရာတော်၊ မာန်လည် ဆရာတော်၊ မင်းရွာဆရာတော်၊ ညောင်ကန်ဆရာတော်၊ ရွှေ တောင်ဆရာတော်၊ ဆင်တဲဆရာတော်၊ မဲထီးဆရာတော်၊ မှန် ကင်းဆရာတော်တို့နှင့်အတူ သာသနာတော်ကို ပြုစုစောင့်ရှောက် ရန်၊ မင်း၏အာဏာကုန် လွှဲအပ်ခြင်းကိုခံရသော သုဓမ္မာအဖွဲ့ဝင် ဆရာတော်ဖြစ်သည်။

ဆရာတော် ပြုစုခဲ့သော ကျမ်းများကား ပိဋကတ်သမိုင်းစာ တန်းအရ၊ (၁) သုတ္တသင်္ဂဟပါဠိတော်နိဿယသစ် (၂) သုတ္တ သင်္ဂဟအဋ္ဌကထာနိဿယ (၃) ဒွါဒသနိပါတ်ဇာတ်အဋ္ဌကထာ နိဿယ (၄) တေရသနိပါတ်ဇာတ်အဋ္ဌ ကထာနိဿယ (၅) ဝိသုဒ္ဓိမဂ်အဋ္ဌကထာနိဿယ (၆) အဘိဓမ္မတ္တသင်္ဂဟအဋ္ဌကထာ နိဿယ (၇) အဖေဂ္ဂုသာရဒီပနီ အမေးအဖြေ (၈) သုတ်မဟာ ဝါအဋ္ဌကထာဂဏ္ဌိ (၉) သုတ်ပါထေယျအဋ္ဌကထာဂဏ္ဌိတို့ဖြစ် လေသည်။ ဆရာတော်သည် သက်တော် ၆၅ နှစ်၊ ဝါတော် ၄၅ ဝါတွင် ပျံလွန်တော်မူ၏။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.