ဆွန်ဂို အွန်အားရာ

ဆွန်ဂို အွန်အားရာ သည် တန်ဇေးနီးယားနိုင်ငံ တောင်ပိုင်း ဆွာဟီလီ ကမ်းရိုးတန်းရှိ ကျောက်တုံးမြို့ တစ်မြို့၏ အပျက်အစီးများ ဖြစ်သည်။ ထိုကျောက်တုံးမြို့အတွင်း ၁၄ရာစုမှ ၁၆ ရာစု အတွင်း လူနေထိုင်ခဲ့သည်။ [1] ဆွန်ဂိုအွန်အားရာ အား အနီးအနားရှိ ကေလ်ဝါ ကစ်ဆီဝါနီ နှင့် အတူ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၁ ခုနှစ် တွင် သတ်မှတ်ခဲ့သည်။ [2] ရှေးဟောင်း သုတေသန ပညာရှင် တို့သည် ဗလီ ၆ ခု၊ သင်္ချိုင်း ၄ ခု ၊ ၂ဒါဇင်မျှသော အိမ်များ နှင့် ဝင်းခတ်ထားသော နေရာ ၃ ခု တို့ကို ကျွန်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ [3] ဆွန်ဂို အွန်အားရာအား သန္တာကျောက်ကြမ်း များ နှင့် အင်္ဂတေများကို အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [4] ထိုကျောက်တုံးမြို့သည် အိန္ဒိယ သမုဒ္ဒရာ အတွင်း တည်ဆောက်ခဲ့သော ကုန်သွယ်ရေးမြို့များတွင် တစ်မြို့ အပါအဝင် ဖြစ်ခဲ့သည်။ [2]

ကေလ်ဝါ ကစ်ဆီဝါနီရှိ အပျက်အစီးများ နှင့် ဆွန်ဂို အွန်အားရာရှိ အပျက်အစီးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  တန်ဇေးနီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii
ကိုးကား ၁၄၄
ဒေသ** အာဖရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကိုးကား

  1. "Field Report: Archaeological Survey of Songo Mnara Island" (2011). Nyame Akuma 76: 9–14.
  2. "Geophysical Survey in Sub-Saharan Africa: Magnetic and Electromagnetic Investigation of UNESCO World Heritage Site of Songo Mnara, Tanzania" (2014). Archaeological Prospection. doi:10.1002/arp.1487.
  3. "Finding Meaning in Ancient Swahili Spatial Practices" (2012). African Archaeological Review 29: 171–207. doi:10.1007/s10437-012-9121-0.
  4. "How Public Space is Used in Ancient Cities: The Case of Songo Mnara, a Medieval Swahili City in Tanzania" . Retrieved on 20 October 2014. Archived 22 December 2014 at the Wayback Machine.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.