ဇာစ်မြစ် (ဝတ္ထု)

ဇာစ်မြစ် ဝတ္ထုကို အာဖရိကန်-အမေရိကန် စာရေးဆရာ အဲလက် ဟာလီ ရေးသည်။ ၁၉၇၆ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်နိုင်ငံ၊ ဒက်ဘယ်ဒေးပုံနှိပ်တိုက်မှ စတင်ထုတ်ဝေသည်။ ၁၈ ရာစု အာဖရိကန်တစ်ဦးဖြစ်သည့် ကွန်တာ ကင်တီ အား အမေရိကသို့ ကျွန်အဖြစ် ပို့ဆောင်လိုက်ရာမှ ဖြစ်ပေါ်လာသော ဘဝအဖုံဖုံကို ဟာလီ၏ဘဝအထိ ခြယ်မှုန်းထားသည်။ ၁၉၇၇ ခုနှစ်တွင် ရိုက်ကူးသည့် ဇာတ်ကားသည်လည်း ၂၀ ရာစုတွင် အရေးအပါဆုံးသော အမေရိကန်ပိုင်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသည်။ နယူးယောက်တိုင်း၏ ရောင်းအားအကောင်းဆုံးစာရင်းတွင် ၄၆ ပတ်တိုင်တိုင် ပါဝင်ခဲ့ပြီး ကနဦး ၂၂ ပတ်မှာ ထိပ်ဆုံးနေရာတွင် ရှိသည်။

ဇာတ်မြစ်
စာရေးသူအဲလက် ဟာလီ
မူလခေါင်းစဉ်Roots: The Saga of an American Family
နိုင်ငံအမေရိကန်
ဘာသာစကားEnglish
အမျိုးအစားသရုပ်မှန်
ထုတ်ဝေသူဒက်ဘယ်ဒေး ပုံနှိပ်တိုက်
ထုတ်ဝေသည့်ရက်
August 17, 1976
မီဒီယာ အမျိုးအစားပုံနှိပ်စာအုပ်
စာမျက်နှာ၇၀၄ မျက်နှာ (ပထမထုတ်, အဖုံးမာ)
ISBN0-385-03787-2

ဇာတ်ကြောင်းအကျဉ်း [1]

ဂမ်ဘီယာရှိ ကွန်တာ ကင်တီအား လူဖြူများက ဖမ်းကာ အမေရိကသို့ ကျွန်ဘဝနှင့် ရောက်သည်။ မကြာခဏထွက်ပြေးရာ ပိုင်ရှင်၏ နှိပ်စက်ခြင်းကို ခံရပြီး ပိုင်ရှင်၏အစ်ကို ဝီလီယံ ဝေါလာက ဝယ်ယူသွားသည်။ ထိုအိမ်မှ ထမင်းချက် ဘဲလ် နှင့် လက်ထပ်ရာ သမီးငယ် ကစ်ဇီ ကို မွေးသည်။ ကစ်ဇီအား တွမ် လီအာ က ဝယ်ယူသွားကာ အနိုင်အထက်ပြုရင်း ဂျော့ ကို ရလာသည်။ ကြက်ကိုင်ကောင်းသဖြင့် နောင်တွင် ကြက်သလေးဂျော့ ဟု နာမည်ရသည်။ ဂျော့က မန်တီဒါနှင့်လက်ထပ်ရာ သားခြောက်ယောက်၊ သမီးနှစ်ယောက် ရသည်။ သားများအနက်မှ တွမ်သည် ပန်းပဲဆရာကောင်းတစ်ယောက်ဖြစ်လာသည်။ တွမ်က အိုင်ရီနီနှင့် ပေါင်းဖက်သည်။

ကြက်တိုက်ရာမှ တွမ် လီအာ အရှုံးပေါ်သောအခါ အကြွေးရှော်စေရန် ဂျော့ကို အင်္ဂလန်သို့လွှတ်သည်။ အခြားမိသားစုဝင်များကိုလည်း ရောင်းရာ အန်ဒရူး မော်ရေးပိုင် ဖြစ်သွားသည်။ မော်ရေးမိသားစုမှာ ကောင်းစွာဆက်ဆံသည်။ ပြည်တွင်းစစ်ပြီးဆုံးသွားသည့်နောက် ပိုင်ရှင်နှင့် စပ်တူမလုပ်တော့ဘဲ မြောက်ကာရိုလိုင်းနား၊ ထိုမှတစ်ဆင့် တန်နက်စီ ပြည်နယ်၊ ဟန်းနင်းသို့ နေရာသစ်ရှာကြသည်။

တစတစနှင့် ပြည့်စုံသောမိသားစုဖြစ်လာရာ တွမ်၏သမီး စင်သီယာက သစ်လုပ်ငန်းရှင် ဝီလ် ပါးမားနှင့် လက်ဆက်ပြီး သူတို့၏သမီး ဘာသာကို ကောလိပ်သို့ ပထမဆုံး ပို့နိုင်ခဲ့သည်။ ဘာသာက စိုက်ပျိုးရေးပါမောက္ခဖြစ်လာမည့် ဆိုင်မွန် ဟာလီနှင့် အကြောင်းပါရာ သူတို့၏သား အဲလက် ဟာလီမှာ စာရေးသူပင် ဖြစ်သည်။

မြန်မာဘာသာသို့ ပြန်ဆိုမှုများ [2]

  • မောင်သက်နောင်။ “ဇာစ်မြစ်”။ ၁၉၇၅။
  • မောင်ထွန်းသူ။ “ဇာစ်မြစ်”။ လောကသစ်စာပေ၊ ရန်ကုန်။ ဧပြီ ၁၉၉၂။

ကိုးကား

  1. https://en.wikipedia.org/wiki/Roots:_The_Saga_of_an_American_Family
  2. မောင်ထွန်းသူ။ “ဇာစ်မြစ်”။ လောကသစ်စာပေ၊ ရန်ကုန်။ ဧပြီ ၁၉၉၂။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.