ဇာမဏီ

ဖီးနစ်ငှက်ကို ထာဝရရှင်သန်သောမီးလျှံငှက်ဟု သတ်မှတ်သည်။ မီးတောက်မီးလျှံပြာပုံအတွင်းမှ နုပျိုရှင်သန် အသစ်တစ်ဖန် မွေးဖွားသောငှက်ဟု ဒဏ္ဍာရီဆန်ဆန်ဆိုသည်။ ရှေးပဝေသဏီခေတ်မှစ၍ ဖီးနစ်ငှက်ကို စွမ်းအားကြီးခြင်း၊ အသက်ရှည်ခြင်း၊ ဘေးဥပဒ်ကင်းခြင်းနှင့် သက်ဆိုင်သည်ဟု ယုံကြည်၏။ အီဂျစ်တို့က စွန်ရဲငှက်အသွင်နှင့်လည်းကောင်း၊ ရောမတို့က လင်းယုန်ငှက် အသွင်နှင့်လည်းကောင်း၊ လူနှင့်အတူ ဆောင်ယူကြကုန်သည်။ အမှတ်တံဆိပ်များအဖြစ် သုးစွဲကြသည်။ တိုက်ပွဲများ ဆင်နွှဲရာတွင် တပ်ဦးတွင်ထား၍ ရှင်သန်ခြင်းနှင့် အောင်နိုင်ခြင်းအတွက် ဆောင်ယူတိုက်ပွဲဝင်ကြကုန်သည်။ [1]


Feniks, Friedrich Justin Bertuch (1747–1822)


အမှတ်သင်္ကေတကို သုံးစွဲဆောင်ယူခြင်းသည်ကား အံ့ဖွယ်ထူးခြားဖြစ်ရပ်များနှင့်အတိပြီးသော ဘဝအနေအထားကိုရောက်ရှိစေသည်ဟု ယုံကြည်ကြသည်။ တိမ်မြုပ်နေသော မူလရှိရင်းစွဲ ပင်ကိုဗီဇအရှိန် တန်ခိုးဩဇာစွမ်းအားများ ပြည်လည်ပေါ်လွင်ထင်ရှားမည်။ ရှင်သန်နုပျိုလန်းဆန်းသော စွမ်းအားပေါ်ထွန်းမည်။ အသက်အရွယ်ကြီးရင့်သူတို့ပင်လျှင် ရှိရင်းစွဲအသက်ထက် နုပျိုသည့်အဆင်းရုပ်သဏ္ဌာန်ကို ဇာတိဗီဇသဘာဝမှ ထုတ်လွှတ်၍ ရှိရင်းစွဲရုပ်ခန္ဓာပေါ်တွင် ရောင်ဝါထွန်းလင်းခြင်းကို ဖြစ်စေမည်။ ဘဝလမ်းကြောင်းသည်လည်း ထူးခြားသစ်လွင်မှုအတိနှင့် ပြည့်နှက်မည်။ ကြုံတွေ့ရသည့် ဘဝတိုက်ပွဲအလုံးစုံတို့သည် ဘဝအခြေအနေတိုးတက်မှုနှင့် အောင်မြင်မှုတို့ကို ဖြစ်ပေါ်စေမည်။ အခက်အခဲဘဝတိုက်ပွဲများနှင့် ကြုံတွေ့မှုများလေ ပိုမိုအောင်မြင်လေဖြစ်မည်။ ပြာပုံဘဝရောက်အောင် ဆုံးရှုံးထိခိုက်မှုများ ရှိသည့်တိုင် လျှင်မြန်စွာပြန်လည်တိုးတက်၍ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ကာ စည်းစိမ်သုခဓနဥစ္စာတို့ကို တစ်ဖန်ပြန်လည်ရရှိမည်။ အလုပ်တာဝန်နှင့် စိတ်ဖိစီးမှုများမှ လွတ်ကင်းချမ်းသာမည်။ ကျေနပ်ပျော်ရွှင်စရာအပေါင်းနှင့် ပြည်စုံသောဘဝကိုပိုင်ဆိုင်မည်။ သက်ရှိရှင်သန်ခြင်းအပေါ် အလေးအနက်ထား၍ အချိန်နှင့်အမျှ ကောင်းကျိုးစီးပွားတိုးတက်ရန် ကံအခွင့်အလမ်းနှင့် ဘဝအခြေအနေ တိုးတက်ခိုင်မာမှုများ ကြုံမည်။ [1]

ကိုးကား

  1. စံ-ဇာဏီဘို ၂၀၁၈ ခုနှစ် ၁၂ရာသီဟောကိန်း ပြိဿရာသီ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.