ဇိုမီးတော်လှန်ရေးတပ်မတော်
ဇိုမီးတော်လှန်ရေးတပ်မတော် (အင်္ဂလိပ်: Zomi Revolutionary Army; အတိုကောက် ZRA) သည် ၁၉၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဇိုမီး အမျိုးသားရေး သောင်းကျန်းသူအဖွဲ့ ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ချူရာချန်ပါခရိုင်အတွင်းရှိ ကူကီးလူမျိုးများနှင့် ပိုက်တဲလူမျိုးများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဇိုမီးတော်လှန်ရေးတပ်မတော်၏ မိခင်အဖွဲ့အစည်းဖြစ်သော ဇိုမီးတော်လှန်ရေးအဖွဲ့ကို ၁၉၉၃ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။[1]
ဇိုမီးတော်လှန်ရေးတပ်မတော် | |
---|---|
မြန်မာနိုင်ငံရှိ ပြည်တွင်းပဋိပက္ခ နှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ပုန်ကန်မှုများတွင် ပါဝင် | |
ဇိုမီးတိုင်းရင်းသားအလံ | |
လှုပ်ရှား | ၁၉၉၇ | –လက်ရှိ
ခံယူချက် | ဇိုမီးအမျိုးသားရေး ခွဲထွက်ရေး ပိုက်တဲ အခွင့်အရေး |
အဖွဲ့များ | ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ် |
ဦးဆောင်သူများ | Thanglianpau Guite Calvin Hatlang Jimmy Suanpu |
ဌာနချုပ် | ချူရာချန်ပါခရိုင်၊ မဏိပူရပြည်နယ်၊ အိန္ဒိယနိုင်ငံ |
လှုပ်ရှားသည့် ဧရိယာ | ဇိုဂမ် |
မဟာမိတ် | Kanglei Yawol Kanna Lup နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ကူကီးလွတ်မြောက်ရေးအဖွဲ့ချုပ် (နားလည်မှုယူထား) |
ပြိုင်ဘက် | ဘင်္ဂလားဒေ့ရှ်
|
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာနိုင်ငံရှိ ပြည်တွင်းပဋိပက္ခ နှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ပုန်ကန်မှုများ |
ZRA ၏ ရည်ရွယ်ချက်မှာ ဇိုတိုင်းရင်းသားများ၏ အကျိုးကို ကာကွယ်ရန်နှင့် ဇိုလူမျိုးများအား ပြည်နယ်တစ်ခုတည်းအောက် (ဇိုဂမ်) တွင် ပေါင်းစည်းနိုင်ရန် ဖြစ်သည်။ ဇိုဂမ်သည် အိန္ဒိယနိုင်ငံ (မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်)၊ မြန်မာနိုင်ငံ (ချင်းပြည်နယ်) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်းတောင်တန်းဒေသ) တို့၏ နယ်နမိတ်များပါဝင်သော ဒေသတစ်ခု ဖြစ်သည်။[1]
ဦးဆောင်မှု
ZRA တွင် အဓိက ဦးဆောင်မှုနေရာ သုံးခုရှိပြီး ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေးမှူးတို့ ဖြစ်သည်။ ဦးဆောင်သူအများစုမှာ ဇိုမီးတိုင်းရင်းသားများ ဖြစ်ကြသည်။[1][2] လက်ရှိခေါင်းဆောင်များမှာ
- Thanglianpau Guite - ဇိုမီးတော်လှန်ရေးတပ်မတော် ဥက္ကဋ္ဌ
- D. Kamsuanthang - အထွေထွေ အတွင်းရေးမှူး
- Jimmy Suanpu - သတင်းနှင့်ပြန်ကြားရေးမှူး
လှုပ်ရှားဧရိယာများ
ဇိုမီးတော်လှန်ရေးတပ်မတော်သည် မဏိပူရပြည်နယ်ရှိ ချူရာချန်ပါခရိုင်၏ အဓိက ဧရိယာများ၊ မဏိပူရပြည်နယ်ရှိ အခြားခရိုင်များ (အထူးသဖြင့် မြန်မာနိုင်ငံနယ်စပ်အနီး) တွင် အဓိကလှုပ်ရှားသည်။ အရေးပါသော လှုပ်ရှားဧရိယာများတွင် မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်၏ နယ်နမိတ်ဒေသများနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်တို့တွင် ဖြစ်သည်။[1]
ကိုးကား
- Zomi Revolutionary Organisation / Zomi Revolutionary Army။ satp.org။
- Fact Sheet for Zomi Revolutionary Organisation - Silobreaker။ Silobreaker.com။ 27 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2021 တွင် ပြန်စစ်ပြီး။