ဇော်ဂျီမုတ်ဆိတ်ဂမုန်း

ဇော်ဂျီမုတ်ဆိတ်ဂမုန်း၏အပွင့်သည် လိပ်ပြာပုံသဏ္ဌာန်ရှိပြီး လိပ်ပြာဂမုန်း၊ ဂမုန်းလိပ်ပြာ၊ မုတ်ဆိတ်ဂမုန်း၊ ဂမုန်းမုတ်ဆိတ် ဟုခေါ်ကြသည်။ အပွင့်ပွင့်သောအခါ အပြာရောင်ပွင့်သည်။ အလွန်ပေါ၍ အနီရောင်ပွင့်သောအပင်မှာ ရှား၏။ အပွင့်ပွင့်သောအခါ အသီးပါသော အမမျိုးနှင့် အသီးမပါသော အဖိုမျိုး နှစ်မျိုးရှိပါသည်။ အမမျိုးမှာ အပင်ရော အပွင့်ပါ သေးငယ်တတ်လျက် အဖိုမျိုးမှာ ကြီးသည်။ အရွက်မှာ လွန်စွာပျော့ပြောင်းသဖြင့် နေအနည်းငယ်ပူလျှင် ညှိုး၍ သွားတတ်သည်။

အာနိသင်

ဝိဇ္ဇာ ဇော်ဂျီများ စောင့်ရှောက်သည်။ အချိန်ရာသီမရွေး ပွင့်တတ်၍ ပွင့်သောအချိန်တွင် လွန်စွာစီးပွားဖြစ်သည်။ မပွင့်လျှင်လည်း တစ်နှစ်လုံး မပွင့်တတ်ပေ။ သန်ရှင်းမှုကို အလွန်ကြိုက်ကာ ပြုစုသူသည် ထီပေါက်တတ်သည်။ အရွက်များကို မဖြတ်ရပါ။ ဖြတ်လျင် လင်မယားချင်း ရန်ဖြစ် စိတ်ကောက်ရတတ်သည်။ အရွက်ကို ကြိတ်၍ အရည်ကို လက်ဖက်ရည်ပုဂံတစ်လုံးလောက် ဆယ်ရက်ခန်သောက်လျှင် ချောင်းဆိုးသွေးပါ ပျောက်သည်။ အပွင့်များသည် မျက်လုံးနှင့်တူ၍ တစ်ခါပွင့်လျင် နှစ်ပွင့် တပြိုင်တည်း ပွင့်ပြီး၊ စူဠသမ္ဘာဝ၊ မဟာသမ္ဘာဝဂမုန်း ခေါ်သည်။ မျက်စိနာသူ တိမ်ရှိသူများကို ၎င်းဂမုန်းဥကို သွေး၍ ခပ်လျှင် ပျောက်ကင်းသည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.