ဇော်မင်း

ဦးဇော်မင်း သည် မြန်မာနိုင်ငံ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[2] တပ်မတော် (ကြည်း)မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။[2] ၂၀၁၂ ဩဂုတ် ၂၈ ရက်နေ့တွင် ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။

ဇော်မင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ဇော်မင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ဦးဇော်မင်း
အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၂၈ ဩဂုတ် ၂၀၁၂
ဆက်ခံသူဦးခင်မောင်စိုး
ပြည်သူ့လွှတ်တော် အမတ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၂၀ မတ် ၂၀၁၁
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူဦးမြင့်သိန်း (NLD)
မဲဆန္ဒနယ်မကွေးမြို့နယ်
အနိုင်ရမဲ အရေအတွက်၁၀၆,၉၀၀ (၆၈.၈၇%)[1]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1951-10-30) ၃၀ အောက်တိုဘာ၊ ၁၉၅၁
ပဲခူးမြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်ခင်မီမီ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
အမှုထမ်းကာလ-၂၀၁၀
ရာထူးဗိုလ်မှူးကြီး

၁၉၉၈ ခရစ္စတီးကျွန်း ပစ်ခတ်မှု

၁၉၉၈ မေလတွင် ဗိုလ်မှူးကြီးဇော်မင်းသည် ခရစ္စတီးကျွန်းသို့ ရောက်ရှိလာပြီး ကျွန်းပေါ်ရှိ သစ်ဝါးခုတ်သည့် လူ ၅၉ ဦးအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ပစ်သတ်ခဲ့သည်။ များမကြာမီ ခရစ္စတီးကျွန်းအနီး ရောက်ရှိလာသည့် ထိုင်းငါးဖမ်းလှေတစ်စီးကို ဖမ်းဆီးကာ ပါလာသော လူ ၂၂ ဦးအား သတ်ကာ ကျွန်းပေါ်တွင် မြှုပ်နှံခဲ့သည်။[3][4]

ကိုးကား

  1. Magwe Division Alternative Asean Network on Burma။ 26 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2012 တွင် ပြန်စစ်ပြီး။
  2. Kudo, Toshihiro (26 July 2011). "New Government in Myanmar: Profiles of Ministers". Institute of Developing Economies - Japan External Trade Organization.
  3. http://www.theaustralian.com.au/news/defector-tells-of-burmese-atrocity/story-e6frg6t6-1111116576033, Defector tells of Burmese atrocity , The Australian, June 09, 2008
  4. As Myanmar Opens Up, Idyllic Islands Remain Unwelcoming, New York Times, By THOMAS FULLER, April 25, 2012, http://www.nytimes.com/2012/04/26/world/asia/as-myanmar-opens-up-idyllic-islands-remain-unwelcoming.html?pagewanted=all&_r=0
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.