ဇော်မင်း (နိုင်ငံရေးသမား)

ဦးဇော်မင်း (၁၇ ဇူလိုင် ၁၉၄၉ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ ကိုယ်စားပြု၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။[1]

ဇော်မင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ဇော်မင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ဦးဇော်မင်း
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် ၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1949-07-17) ၁၇ ဇူလိုင်၊ ၁၉၄၉
မိုးကုတ်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ခင်မြင့်နိုင်
သားသမီး
မိဘဦးချစ်ဆွေ
ဒေါ်စန်းရီ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်

အစောပိုင်းဘဝနှင့် ပညာရေး

ဦးဇော်မင်းကို ၁၉၄၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ကသာမြို့တွင် တရားလွှတ်တော် ရှေ့နေအဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် ကုန်သည်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။

နိုင်ငံရေး

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အနိုင်ရ ရွေးကောက်ခံခဲ့ရသည်။

ကိုးကား

  1. MP profile (in my)။ Pyidaungsu Hluttaw 18 August 2018 တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.