ဇွန်သံစဉ်

ဇွန်သံစဉ် ( ၂၆ ဇွန် ၁၉၉၅ ခုနှစ်ဖွား)သည် မြန်မာမော်ဒယ်၊ ဂီတပညာရှင်နှင့်သရဖူရရှိခဲ့သူ အလှမယ်တစ်ဦးဖြစ်သည်။ Miss Universe Myanmar 2017 ပြိုင်ပွဲတွင် သရဖူရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် Miss Universe 2017 ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အစောပိုင်းဘဝ

ဇွန်သံစဉ်သည် ရန်ကုန်တွင် ရခိုင်တိုင်းရင်းသား မိသားစုမှ မွေးဖွားကြီးပြင်းခဲ့သည်။ သူမ၏အဖေသည် ရန်ကုန် နားနှာခေါင်းနှင့်လည်ချောင်းဆေးရုံမှ ဆရာ ဝန်တစ်ဦး ဖြစ်ပြီး သူမ၏အမေမှာအိမ်ရှင်မဖြစ်သည်။

ပညာရေး

ဇွန်သံစဉ်သည် မြန်မာစာပေနှင့် ရုပ်ရှင်အနုပညာဘွဲ့ နှစ်ခုလုံးအား အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ရရှိခဲ့သည်။

အလှမယ်ပြိုင်ပွဲ

Miss Universe Myanmar

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပသော မယ်စကြဝဠာ မြန်မာ ၂၀၁၇ ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခင်အလှမယ် ထက်ထက်ထွန်းမှ သရဖူဆုအား ချီးမြှင့်ပေးခဲ့သည်။ ။ သူမသည် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် မယ်စကြဝဠာ ၂၀၁၇ ပြိုင်ပွဲ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[1]

Miss Universe 2017

သူမသည် မယ်စကြဝဠာ ၂၀၁၇ ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုရရှိခြင်း မရှိခဲ့ပေ။

ကိုးကား

ပြင်ပလင့်များ

အောင်မြင်မှု
ယခင်က
ထက်ထက်ထွန်း
Miss Universe Myanmar
2017
ဆက်ခံသူ
နှင်းသွေးယုအောင်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.