ညိုစော (ဒုတိယဗိုလ်ချုပ်ကြီး)

ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဗိုလ်လောင်းသင်တန်းဆင်းအရာရှိတစ်ဦးဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့တွင် ကျောင်းအုပ်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင်လည်း တိုင်းမှူး တာဝန်များကိုထမ်းဆောင်ခဲ့ပြီး စစ်ထောက်ချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC ) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.