ညိုထွန်းအောင်

ဒေါက်တာညိုထွန်းအောင်(ခေါ်) ဇော်မျိုးသက် သည် ရက္ခိုင့်တပ်တော် ၏ ဒုစစ်ဦးစီးချုပ်ဖြစ်သည်။[1] ရက္ခိုင့်တပ်တော် အပတ်စဉ် (၁) သင်တန်းတွင်တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့်အတူ ရက္ခိုင့်တပ်တော် ကို ဦးဆောင်ကာ ရခိုင်အမျိုးသားများ ရသင့်ရထိုက်သောအခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ဂုဏ်သိက္ခာရှိသော ရခိုင့်လူ့ဘောင်တစ်ခုကို ထူထောင်ရန်အတွက် ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦးလည်းဖြစ်သည်။[2]

ဒေါက်တာညိုထွန်းအောင်
၂၀၁၄ခုနှစ် စစ်တွေမြို့ ဦးဥတ္တမပန်းခြံသို့ ရောက်ရှိစဉ်
မွေးဖွား (1981 -03-04) မတ် ၄၊ ၁၉၈၁
ကျောက်ဖြူမြို့ရခိုင်ပြည်နယ်
သစ္စာခံနိုင်ငံရက္ခိုင့်တပ်တော်
လက်နက်ကိုင်တပ်ရက္ခိုင့်တပ်တော်
အမှုထမ်း ကာလ၂၀၀၉–လက်ရှိ
ရာထူးဗိုလ်မှူးချုပ်
ကွပ်ကဲသည့် ဌာနဒုစစ်ဦးစီးချုပ်၊ ရက္ခိုင့်တပ်တော်
ဝက်ဘ်ဆိုဒ်drnyotwanawng.com

နောက်ခံ

ဒေါက်တာညိုထွန်းအောင် (ခေါ်) ဇော်မျိုးသက် ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် မွေးဖွားခဲ့သည်။ အသက် ၁၈ အရွယ်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ဆေးပညာ သင်တန်း တက်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရက္ခိုင့်တပ်တော် ကို ကချင်ပြည်နယ်၌ စတည်ထောင်ခဲ့ကြသည်။

ကိုးကား

  1. AA ဒု-စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံမေးမြန်းချက် RFA Burmese ၂၃ မတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. AA ရဲ့ လာရာလမ်း Irrawaddy Burma ၅ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.