ညောင်ရမ်းမင်းတရားအရေးတော်ပုံ

ညောင်ရမ်းမင်းတရားအရေးတော်ပုံ

မြန်မာစာပေလောကတွင် ဓညဝတီအရေးတော်ပုံ၊ ရာဇာ ဓိရာဇ်အရေးတော်ပုံစသည်ဖြင့် မင်းဧကရာဇ်တို့ တိုင်းနိုင်ငံတည် ထောင်ရာ၌ တွေ့ကြုံရသော အဖြစ်သနစ်တို့အကြောင်းကို မှတ် တမ်းတင်ထာသော ကျမ်းများရှိလေသည်။


ညောင်ရမ်းမင်း တရားအရေးတော်ပုံသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဤအရေးတော်ပုံကို မြင်းခုံတိုင်မြို့ စား တရားသူကြီး မဟာအတုလဓမ္မိကရာဇာ ရေးသည်ဟုဆို သည်။ မည်သည့်မင်းလက်ထက် မည်သည့်သက္ကရာဇ်တွင် ရေး သည်ဟု မသိရ။ သို့သော်လည်း သက္ကရာဇ် ၉၇၇ ခုနှစ်တွင် ပြီးပုံရသော မင်းရဲဒိဗ္ဗဧချင်းကို ထုတ်ဆောင်ရေးထားသည်ဖြစ်၍ ဤသက္ကရာဇ်နောက်မှ ဤအရေးတော်ပုံကိုရေးသည်ဟု မှတ်ယူရ ပေမည်။ သက္ကရာဇ် ၁၁ဝဝ ဆီတွင်ပေါ်သော ဦးကုလားမဟာ ရာဇဝင်ကြီး၏ မှီခိုရာကျမ်းတစ်စောင် ဖြစ်သည်ဟုလည်း မှတ် ယူဖွယ်ရှိပေသည်။ အကြောင်းအရာမှာကား ညောင်ရမ်းမင်း တရားကြီး၏ အတ္ထုပ္ပတ္တိနှင့် အနောက်ဘက်လွန်မင်းတရား၏ အတ္ထုပ္ပတ္တိတပိုင်းတို့ ဖြစ်လေသည်။

ညောင်ရမ်းမင်းတရား အရေးတော်ပုံကား တပင်ရွှေxD;နှင့် ဘုရင့်နောင်တို့တည်ထောင် ဖွဲ့စည်းပေးခဲ့သော မြန်မာနိုင်ငံတော် သည် ငါးဆူဒါယကာမင်းလက်ထက်တွင် ပြိုကွဲအံ့ဆဲဆဲ ဖြစ် သည်တွင်၊ ညောင်ရမ်းမင်းတရားနှင့် သားတော်အနောက်ဘက် လွန်မင်းတရားတို့က မြန်မာနိုင်ငံတော်ပြန်လည် စည်းရုံးညီ ညွတ်အောင် ကြိုးပမ်းသည်ကို ပြဆိုပေသည်။ သက္ကရာဇ် ၉၅၉ ခုနှစ်တွင် ဟံသာဝတီကို တောင်ငူဘုရင်နှင့် ရခိုင်ဘုရင်တို့ လုပ်ကြံ ကြလေသည်။


ထိုအချိန် တွင် ယိုးဒယားသည်၎င်း၊ ငစင်္ကာကြီးစိုးလျက်ရှိသော သံလျင် သည်၎င်း မြန်မာနိုင်ငံတော်၏ ညီညွတ်စည်းလုံးမှု အန္တရာယ် များဖြစ်ချေသည်။ ဤအန္တရာယ်တို့ကို ပယ်ဖျောက်ရန်အလို့ငှာ ညောင်ရမ်းမင်းတရားသည် မိုးကောင်း၊ မိုးည|င်၊ ဗန်းမော်၊ ညောင်ရွှေ၊ သိန္နီစသောနယ်တို့ကို ပထမသိမ်းသွင်း၍၊ စည်းလုံး မှုအခြေကို တည်ဆောက်ခဲ့သည်။ ညောင်ရမ်းမင်းတရားလွန်လ သော်၊ သားတော်ကြီးဖြစ်သော အနောက်ဘက်လွန်မင်းတရား သည် (မြန်မာ ၉၆၇-၉၉ဝ ခုနှစ်) ခမည်းတော်၏ လက်ငုတ် ဖြစ်သော နိုင်ငံတော်ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ခဲ့လေ သည်။ ညောင်ရမ်းမင်းတရား အရေးတော်ပုံကျမ်းတွင် ထို အချက်တို့ကို မှတ်တမ်းတင်ခဲ့သည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.