ညောင်လေးပင်မြို့

ညောင်လေးပင်မြို့ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးရှိ မြို့တစ်မြို့ဖြစ်သည်။ ပဲခူးခရိုင်ညောင်လေးပင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၏ မော်တော်ကားလမ်းအားဖြင့် ပဲခူးမြို့ မှ ၄၈ မိုင်၊ ရန်ကုန်မြို့ ၈၂ မိုင်၊ နေပြည်တော်မြို့မှ ၁၄၀ မိုင်၊ မန္တလေးမြို့မှ ၃၃၂ မိုင်၊ တောင်ငူမြို့ မှ ၇၄ မိုင်ခန့် ကွာဝေးသည်။ အမှတ်(၁)ပြည်ထောင်စုအဝေးပြေးလမ်းမကြီး( ရန်ကုန်-တောင်ငူ-မန္တလေး အဝေးပြေးလမ်း) မှာလည်း ညောင်လေးပင်မြို့လယ်ကို အလယ်ဗဟိုကျကျ ဖြတ်သန်းသွားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း သည် မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်မျှမှ ဖြတ်သန်းဖောက်လုပ်သွားသည်။ သို့သော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် အဝေးပြေးလမ်းမကြီးတို့ကို ညောင်လေးပင်- ကျွန်းကုန်း- ဖဒို- မြို့ချောင်းလမ်း ဖြင့် ၂၄ မိုင် ဆက်သွယ်လမ်းဖြင့် ဆက်သွယ်ထားသည်။ ညောင်လေးပင်မြို့၏ မြောက်ဘက် ၂၈ ကီလိုမီတာခန့်တွင် ကျောက်တံခါးမြို့၊ တောင်ဘက် ၁၇ ကီလိုမီ တာခန့်တွင် ဒိုက်ဦးမြို့၊ အရှေ့ဘက် ၁၉ ကီလိုမီတာခန့်တွင် မဒေါက်မြို့ တို့တည်ရှိပါသည်။

ညောင်လေးပင်မြို့
ညောင်လေးပင်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°57′16″N 96°43′13″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ညောင်လေးပင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပဲခူးမြောက်ပိုင်း စပါးရောင်းဝယ်တင်ပို့ရာ ဗဟိုဌာနတစ်ခုဖြစ်၍ အတော်ပင်စည်ကားသည်။ မြို့၏လူဦးရေမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၂၁၉၂၉၃ ယောက်ခန့်ဖြစ်လေသည်။


ညောင်လေးပင်မြို့တွင် မြူနီစီပယ်အဖွဲ့ရှိ၍ မြို့တွင်းကိစ္စရပ်များတို့ကိုဆောင်ရွက်ရသည်။ ညောင်လေးပင်နယ်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်အနောက်မြို့နယ်(ကျောက်တံခါးမြို့နယ်)နှင့် ဒိုက်ဦးမြို့နယ်များ ပါဝင်လေသည်။

ညောင်လေးပင်အရှေ့မြို့နယ်တစ်ဝှမ်းလုံးမှာ အများအားဖြင့် ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးသော လယ်ယာများသာဖြစ်သည်။ ညောင်လေးပင်အနောက်မြို့နယ်မှာမူ၊ ကုန်းမြင့်ဒေသများ၊ တောင်တန်းများဖြစ်၍ လယ်ယာလုပ်ကိုင်ကြသော်လည်း၊ အနည်းငယ်မျှသာဖြစ်သည်။

ညောင်လေးပင်မြို့မှ အရှေ့ဘက် ၁၂ မိုင်ခန့်ဝေးသော မဒေါက်သို့ မီးရထားလမ်းခွဲတစ်ခုရှိ၍၊ မဒေါက်မှ စစ်တောင်းမြစ်ကို ဖြတ်ကူးလိုက်လျှင်ပဲခူးခရိုင်အပိုင် ရွှေကျင်မြို့နယ်ရွှေကျင်မြို့သို့ရောက်ရှိနိုင်လေသည်။

ညောင်လေးပင် မြို့မဈေး

ညောင်လေးပင်မြို့မှာ နယ်ပိုင်ဝန်ထောက်ရုံးစိုက်သော မြို့ဖြစ်သည့်အားလျော်စွာ အစိုရရုံးများ၊ ကျောင်း၊ ဆေးရုံ၊ ဈေးစသော အဆောက်အအုံများဖြင့် စည်စည်ကားကားရှိသည်။ မြို့နယ်မှာ စပါးအထွက်များသော နယ်ဖြစ်သည့်အပြင်၊ မီးရထားလမ်း၊ ကားလမ်းများရှိသောကြောင့် အရောင်းအဝယ်တွင်ကျယ်သည်။ ပဲခူးခရိုင်တွင် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ ညောင်လေးပင်မြို့သည် လုဒ်မယ်တော်သခင်မကျောင်း ကြောင့်ထင်ရှားကျော်ကြားရသည်။

အထင်ကရ န​ေရာများ


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.