ဌေးကြွယ်

ဒေါက်တာဌေးကြွယ် (၇ ဇူလိုင် ၁၉၅၁–၂ မေ ၂၀၂၀) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[3]

ဒေါက်တာဌေးကြွယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆  ၂ မေ ၂၀၂၀
မဲဆန္ဒနယ်ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁[1]
အနိုင်ရမဲ အရေအတွက်၂၇,၀၃၀ မဲ[2]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1951-07-07)၇ ဇူလိုင်၊ ၁၉၅၁
ဒါးပိန်၊ လှည်းကူးမြို့နယ်ရန်ကုန်တိုင်း
ကွယ်လွန်မေ ၂၊ ၂၀၂၀(2020-05-02) (အသက် ၆၈)
ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးအံ့ကြွယ်၊ ဒေါ်တင်လှိုင်

အစောပိုင်းဘဝနှင့် ပညာရေး

ဒေါက်တာဌေးကြွယ်ကို ၁၉၅၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ ဒါးပိန်၌ မွေးဖွားခဲ့သည်။ သူသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆေးပညာဘွဲ့ ရရှိခဲ့သည်။

နိုင်ငံရေး လုပ်ဆောင်ခြင်း

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[1]

ဘဝနိဂုံး

ဒေါက်တာဌေးကြွယ်သည် ကင်ဆာရောဂါဖြင့် ၂၀၂၀ ပြည့်နှစ် မေလ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[4]

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.