တင်ကျီးငှက်

တင်ကျီးငှက်သည် ‌ခြေ‌ချောင်းများကြားတွင် အ‌ရေပြားရှိ ‌သော ငှက်ကြီးမျိုးဖြစ်သည်။ ‌ရေတွင်ငုပ်၍ ငါးများကိုအစာ အဖြစ် လိုက်လံဖမ်းဆီး စား‌သောက်တတ်သည်။ တင်ကျီးငှက် သည် ဇီဝ‌ဗေဒ အလိုအားဖြင့် ‘ဖယ်လာ ကရိုကိုရက်စီဒီး’ မျိုးရင်းဝင်ဖြစ်သည်။ ကမ္ဘာတစ်ဝှန်းလုံးတွင် တင်ကျီးငှက်အမျိုး မျိုးကို ‌တွေ့နိုင်သည်။ အများအားဖြင့် တင်ကျီးငှက်တို့သည် ပင်လယ်ကမ်း‌ခြေတွင် ‌နေ‌လေ့ရှိကြ‌သော်လည်း မြစ်များနှင့် အိုင် များတွင်လည်း မကြာခဏ‌တွေ့ရတတ်သည်။ ငှက်ကြီးဝံပိုနှင့် တင်ကျီးငှက်သည် နီးစပ်သည်။ တင်ကျီးငှက်ကြီးမျိုးသည် အလျားလက်မ ၃၀ မကရှည်သည်။ တင်ကျီးငှက်အားလုံးတွင် သန်မာ၍ရှည်‌သော နှုတ်သီးနှင့်‌တောင်ပံများရှိသည်။ နှုတ်သီး၏ အဖျား ‌ကောက်သည်။ အမြီးရှိအ‌မွှေးများသည် အနည်းငယ်ဖွင့် ထား‌သော ယပ်‌တောင်ကဲ့သို့ ပြန့်ကားလျက်ရှိသည်။

တင်ကျီးငှက်
Temporal range: Late Cretaceous? Recent
PreЄ
Є
O
S
D
C
P
T
K
Pg
N
Little Pied Cormorant
Phalacrocorax melanoleucos
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Aves
မျိုးပေါင်းသေး:
Neornithes
Infraclass:
Neoaves
မျိုးစဉ်:
Pelecaniformes
မျိုးစဉ်သေး:
Sulae
မျိုးရင်း:
Phalacrocoracidae

Reichenbach, 1850
မျိုးစု:
Phalacrocorax (but see text)

Brisson, 1760
Species

3-43, see text

Synonyms

Australocorax Lambrecht, 1931
Compsohalieus B. Brewer & Ridgway, 1884
Cormoranus Baillon, 1834
Dilophalieus Coues, 1903
Ecmeles Gistel, 1848
Euleucocarbo Voisin, 1973
Halietor Heine, 1860
Hydrocorax Vieillot, 1819 (non Brisson, 1760: preoccupied)
Hypoleucus Reichenbach, 1852
Leucocarbo Bonaparte, 1857
Microcarbo Bonaparte, 1856
Miocorax Lambrecht, 1933
Nannopterum Sharpe, 1899
Nesocarbo Voisin, 1973
Notocarbo Siegel-Causey, 1988
Pallasicarbo Coues, 1903
Paracorax Lambrecht, 1933
Poikilocarbo Boetticher, 1935
Pliocarbo Tugarinov, 1940
Stictocarbo Bonaparte, 1855
Viguacarbo Coues, 1903
(but see text)

တင်ကျီးငှက်တို့သည် အများအားဖြင့် ‌ရေငုပ်၍ ငါးဖမ်းရာ၌ ‌ရေထဲတွင် ကြာရှည်စွာ‌နေနိုင်ကြသည်။ ‌ရေကူးရာတွင် အ‌ရေ ပြားရှိသည့် ‌ခြေများကို အသုံးပြုသည်။ ပျံသန်း‌သောအခါ ‌ရေ မျက်နှာပြင်နှင့်ကပ်၍ပျံသန်းပြီးလျှင် ငါးများကို ဖမ်းယူတတ်ကြ သည်။ သို့မဟုတ်လျှင်လည်း ရေပေါ်တွင် ကိုင်းလျက်ရှိ‌သော သစ်ကိုင်း‌ပေါ်တွင်နားကာ ငါး‌ပေါ်လာမည်ကို ‌စောင့်‌မြော်‌နေ တတ်သည်။ အစာစားရာတွင် ‌လောဘတကြီး စားမျို‌လေ့ရှိ သည်။

မြန်မာနိုင်ငံရှိ တင်ကျီးငှက်သည် အလျား ၃၂ လက်မခန့်ရှိ သည်။ သား‌ပေါက်ချိန်ဖြစ်‌သော စက်တင်ဘာလဆန်းမှ ဒီဇင် ဘာလလယ်အထိ ပါးနှစ်ဘက်နှင့် နံ‌ဘေးတို့တွင် အဖြူ‌ရောင်ရှိ သည်။ ထို့‌ကြောင့် တင်ကျီးငှက်ကို မှတ်မိရန် လွယ်ကူသည်။ ငှက်ငယ်များသည် ပို၍အ‌ရောင်ညိုပြီးလျှင် ‌အောက်ပိုင်းတွင် အဖြူ‌ရောင်ရှိသည်။ ‌ဘေးဘက်နှင့်တစ်ခါတစ်ရံ ကိုယ်အလယ် ပိုင်းတွင် အညိုကွက်များရှိတတ်သည်။

မြန်မာနိုင်ငံရှိ တင်ကျီးငှက်မျိုးသည် ‌ရေချိုသက်သက်တွင် သာ ကျက်စားသည့် ငှက်မျိုးဖြစ်သည်။ မြစ်များနှင့် အိုင်များ တွင် အုပ်ဖွဲ့ကာ‌နေကြသည်ကို မကြာခဏ ‌တွေ့ရတတ်သည်။ ပျံသန်းရာတွင် လည်ပင်းကို‌ရှေ့သို့ဆန့်ထုတ်ပြီး‌နောက် အ‌တောင် ကို မှန်မှန်ရိုက်ခတ်ကာ အ‌တော်မြန်မြန်ပျံသည်။ ပျံရာ၌ တည့် တည့်ပျံသည်။ နား‌နေသည့်အခါတွင် ဝမ်းဘဲများကဲ့သို့ ရေပေါ်၌ မနားဘဲ၊ ကမ်း‌ခြေ‌ပေါ်၌၎င်း ‌ကျောက်တုံးများ ‌ပေါ်၌၎င်း သစ်ပင်များ‌ပေါ်၌၎င်း နား‌နေ‌လေ့ရှိသည်။ ထိုကဲ့သို့ နား‌နေ ခိုက်တွင် အ‌တောင်များကိုဖြန့်၍ ‌နေလှန်း‌လေ့ရှိသည်။ ကုန်း ‌ပေါ်၌ ‌လျှောက်သွားသည့်အခါ ငှက်ကြီးဝံပိုကဲ့သို့ ကိုယ်ကို မတ်မတ်ထား၍ သွားတတ်ကြသည်။ သို့‌သော် ‌ခေတ္တမျှသာ လျင်မြန်စွာ သွားနိုင်သည်။ ‌ရေကူး‌သောအခါ ‌ခေါင်းကိုမတ်မတ် ထားလျက် ကိုယ်ကိုနှစ်၍ကူးသည်။

ထိတ်လန့်သည့်အခါ၌ ကိုယ်ကို‌ ရေအောက်သို့နှစ်၍ ‌ခေါင်းနှင့်လည်တံသာ ‌ဖော်ထား သည်။ ‌ရေငုပ်ကျွမ်းကျင်‌သော်လည်း ‌ရေထဲ၌ စက္ကန့် ၆၀ ထက် ပို၍ ‌နေခဲသည်။ ငါးဖမ်းအလွန် လျင်မြန်သည်။ မိသည့်အစာကို မမျိုမီ အများအားဖြင့် ရေပေါ်သို့ယူလာတတ်သည်။ အစာကို ‌ခေါင်းပိုင်းမှစ၍ မျိုချ‌လေ့ရှိသည်။ ‌ရေပြင်မှထ၍ အပျံတွင် ‌တောင်ပံများကို ရိုက်ခတ်ရုံမျှမက ‌ခြေများဖြင့်လည်း ယက်ကန် ပေးကြသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.