တန်ဆွန်းညက် အပြည်ပြည်ဆိုင်ရာလေဆိပ်
တန်ဆွန်းညက် နိုင်ငံတကာ လေဆိပ်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်ပြီး ဟိုချီမင်းစီးတီးမှ ၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ လေဆိပ်ကို ၁၉၃ဝ လွန်နှစ်များက ပြင်သစ်တို့ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲအပြီး၌ အဆင့်မြှင့်ခဲ့သည်။ ၎င်းတွင် ပြေးလမ်းနှစ်ခုရှိပြီး တစ်နှစ်လျှင် ခရီးသည် ၂၅ သန်းကို ဝန်ဆောင်မှုပေးနိုင်သည်။ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလေဆိပ်ကြီး ဖြစ်ရုံကမက ကမ္ဘာပေါ်တွင် ခရီးသည်အရေအတွက်အရ အလုပ်အရှုပ်ဆုံးလေဆိပ် (၅၀) တွင်လည်း ပါဝင်သည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့သည်။
တန်ဆွန်းညက် နိုင်ငံတကာလေဆိပ် Sân bay Quốc tế Tân Sơn Nhất | |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အချက်အလက်များ | |||||||||||||||
အမျိုးအစား | ပြည်သူပိုင် | ||||||||||||||
ပိုင်ဆိုင်သူ | ဗီယက်နမ် အစိုးရ | ||||||||||||||
စီမံကွပ်ကဲသူ | Southern Airports Corporation | ||||||||||||||
ဝန်ဆောင်မှု ဧရိယာ | ဟိုချီမင်းမြို့၊ ဗီယက်နမ် | ||||||||||||||
တည်နေရာ | Tan Binh District | ||||||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
| ||||||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၁၀ မီတာ / ၃၃ ပေ | ||||||||||||||
ဝက်ဘ်ဆိုဒ် | www.tsnairport.com | ||||||||||||||
ပြေးလမ်း | |||||||||||||||
| |||||||||||||||
ကိန်းဂဏန်း အချက်အလက်များ (2008) | |||||||||||||||
|
သမိုင်း
"တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်သည် ၁၉၃၀ ကတည်းက ပြင်သစ်တို့က တန်ဆွန်းညက်ရွာအနီးတွင် လေတပ်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အမေရိကန်တို့၏ အကူအညီနှင့် လေယာဉ်ပြေးလမ်းကို ပေ၇၂၀၀ (၂၁၉၀ မီတာ) အထိ ဆိုင်ဂွန်အနီးတွင် တိုးချဲ့ခဲ့သည်။ ထို့နောက် ဗီယက်နမ်(တောင်ပိုင်း)၏ အဓိကပြည်ပလေဆိပ်ဖြစ်လာခဲ့သည်။ ဗီယက်နမ်စစ်ပွဲအတွင်းတွင် လေဆိပ်သည် အမေရိကန် နှင့် တောင်ဗီယက်နမ် တို့၏ အဓိက လေတပ်စခန်းဖြစ်ခဲ့သည်။ ၁၉၆၈ ခုနှစ် နှင့် ၁၉၇၄ ခုနှစ်အတွင်းတွင် တန်ဆွန်းညက်လေဆိပ်သည် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး စစ်တပ်လေယာဉ်ကွင်းဖြစ်ခဲ့သည်။
စစ်ပြီးခေတ်ကာလ
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယူနိုက်တက် လေကြောင်းလိုင်းသည် ဗီယက်နမ်သို့ စတင်ပျံသန်းသော လေကြောင်းလိုင်း ဖြစ်ခဲ့သည်။ ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ယူအေ ၈၆၉ အဖြစ် ဘိုးရင်း ၇၄၇-၄၀၀ လေယာဉ်ကြီးဖြင့် ဟိုချင်းမင်းမြို့ လေဆိပ်ကို ဆင်းသက်ခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ဆန်ဖရန်စစ္စကိုမြို့မှ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် အဆိုပါ ခရီးစဉ်သည် ဆန်ဖရန်စစ္စကို မြို့မှ လော့အိဂျလိစ်မြို့သို့ ပြောင်းရွေ့ပျံသန်းခဲ့သည်။ ၂၀၀၉ ခုနှစ် တွင် ဆန်ဖရန်စစ္စကို ခရီးစဉ် ပြန်လည်ပျံသန်းခဲ့သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ရပ်ဆိုင်းခဲ့သည်။
၂၀၀၆ ခုနှစ်တွင် တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်သည် ခရီးသည် ၈.၅သန်းခန့်ရှိခဲ့ပြီး (၂၀၀၅ ခုနှစ်တွင် ခရီးသည် ၇ သန်း) လေယာဉ်အဆင်းရေ ၆၄၀၀၀ ကျော် ဆင်းသက်ခဲ့သည်။ အဆိုပါ အရေအတွက်သည် ဗီယက်နမ် နိုင်ငံ လေကြောင်းကဏ္ဍတစ်ခုလုံး၏ ၃ ပုံ ၂ ပုံခန့် ရှိသည်။ ခရီးသည်ပိုမိုများပြားမှုကြောင့် တောင်ပိုင်းလေဆိပ်ကော်ပိုရေးရှင်း သည် လေဆိပ်ကို အဆက်မပြတ်တိုးချဲ့ခဲ့သည်။
တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်သည် ၂၀၀၇ ခုနှစ်တွင် ခရီးသည် ၁၁ သန်း၊ ၂၀၀၈ ခုနှစ်တွင် ၁၂.၄ သန်း၊ ၂၀၁၀ ခုနှစ်တွင် ၁၅.၅ သန်း အသီးသီး ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ပြည်တွင်းလေဆိပ် အဆောက်အဦးသည် ခရီးသည် ၈ သန်း ဝန်ဆောင်မှုပေးခဲ့ပြီး အများဆုံးဝန်ဆောင်မှုပေးနိုင်သည့် အရေအတွက်ကို ရောက်ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် လေဆိပ်တစ်ခုလုံး ခရီးသည် သန်း ၂၀ ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး အများဆုံးဝန်ဆောင်မှုပေးနိုင်သည့် အရေအတွက်ကို ခန့်မှန်းထားသည်ထက် ၂ နှစ်စောပြီး ရောက်ခဲ့သည်။ လေဆိပ်အဆောက်အဦးတိုးချဲ့မှုများကို ပြည်တွင်း၊ ပြည်ပ နှစ်ခုလုံးတွင် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ပြည်တွင်း လေဆိပ်အဆောက်အဦး တိုးချဲ့တာ ပြီးဆုံးခဲ့ပြီး ခရီးသည် ၁၃ သန်းထိ ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ လေဆိပ် တိုးချဲ့မှု စီမံကိန်းတွင် ပြည်ပလေဆိပ်အဆောက်အဦးကို ခရီးသည် (၁၃) သန်းထိ ဝန်ဆောင်မှုပေးနိုင်ရန်၊ လေယာဉ်ရပ်နားနေရာ (၁၀) နေရာ တို့လည်း ပါဝင်သည်။ ၂၀၁၅ ခုနှစ်တွင် လေဆိပ်တိုးချဲ့မှုစီမံကိန်း ပြီးဆုံးခဲ့ပြီး ၁ နှစ်လျှင် ခရီးသည် ၂၅ သန်းအထိ ဝန်ဆောင်မှုပေးနိုင်ပြီ ဖြစ်သည်။
ပြည်ပလေဆိပ်အဆောက်အဦး
ပြည်ပလေဆိပ်အဆောက်အဦးကို ဂျပန်နိုင်ငံ၏ အကူအညီနှင့် တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ၁ နှစ်လျှင် ခရီးသည် ၁၂ သန်း ဝန်ဆောင်မှုပေးနိုင်ရန် ဖွင့်လှစ်ခဲ့သည်။ လေဆိပ်အဆောက်အဦးအဟောင်းကို ပြည်တွင်းလေကြောင်းလိုင်းများအတွက် အသုံးပြုသည်။ သို့သော် ၂၀၂၀ တွင် လေဆိပ်အသစ် လောင်းတန့် အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ပြီးစီးသောအခါ တန်းဆွန်းညက် လေဆိပ်သည် အဓိက ပြည်တွင်းလေကြောင်းလိုင်းများသာ ဆင်းသက်တော့မည်ဖြစ်သည်။
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
Passenger
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ | Terminal |
---|---|---|
Aeroflot | Moscow–Sheremetyevo | 2 |
Air Astana | Almaty | 2 |
Air China | ပေကျင်း-မြို့တော် | 2 |
Air France | Paris–Charles de Gaulle | 2 |
AirAsia | Johor Bahru, ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ၊ ပီနန် | 2 |
Air New Zealand | Seasonal: Auckland (begins 4 June 2016)[2] | 2 |
All Nippon Airways operated by Air Japan | တိုကျို-နာရိတ | 2 |
Asiana Airlines | ဆိုးလ်-အင်ချွန်း | 2 |
Cambodia Angkor Air | ဖနွမ်းပင်၊ စီရန်ရိ၊ Sihanoukville (begins 17 June 2016),[3] ဗီယင်ကျန်း | 2 |
Cambodia Bayon Airlines | ဖနွမ်းပင် | 2 |
Cathay Pacific | Hong Kong | 2 |
Cebu Pacific | Manila | 2 |
China Airlines | ထိုင်ဝမ်-ထောင်ယွမ် | 2 |
China Eastern Airlines | ကူမင်း၊ ရှန်ဟိုင်း-ဖူတုန်း | 2 |
China Southern Airlines | Guangzhou, Shenzhen | 2 |
အဲမရိတ် လေကြောင်းလိုင်း | Dubai–International | 2 |
Etihad Airways | Abu Dhabi | 2 |
EVA Air | ထိုင်ဝမ်-ထောင်ယွမ် | 2 |
Finnair | Seasonal: Helsinki | 2 |
Hong Kong Airlines | Hong Kong | 2 |
Japan Airlines | တိုကျို-ဟာနဲ့ဒါ့၊ တိုကျို-နာရိတ | 2 |
Jetstar Asia Airways | စင်ကာပူ | 2 |
Jetstar Pacific Airlines | Buon Ma Thuot, Chu Lai,[4] Da Nang, Hai Phong, ဟနွိုင်း၊ Vinh, Da Lat, Thanh Hoa, Quy Nhon, ဒေါင်ဟွိုင်း၊ Tuy Hoa Seasonal: Nha Trang | 1A |
Jetstar Pacific Airlines | ဘန်ကောက်-သုဝဏ္ဏဘူမိ၊ စင်ကာပူ၊ Macau | 2 |
Korean Air | ဆိုးလ်-အင်ချွန်း | 2 |
လာအို လေကြောင်းလိုင်း | Pakse၊ ဗီယင်ကျန်း | 2 |
မလေးရှား လေကြောင်းလိုင်း | ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ | 2 |
Malindo Air | ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ | 2 |
Mandarin Airlines | Kaohsiung,[5] Taichung | 2 |
နော့ လေကြောင်းလိုင်း | ဘန်ကောက်-ဒွန်မောင်း[6] | 2 |
Philippine Airlines | Manila | 2 |
Qatar Airways | Doha, ဖနွမ်းပင် | 2 |
Royal Brunei Airlines | ဘန်ဒါစီရီဘီဂါဝန် | 2 |
Sichuan Airlines | Hangzhou, Nanning[7][8] | 2 |
စင်ကာပူ လေကြောင်းလိုင်း | စင်ကာပူ | 2 |
ထိုင်းအဲအေးရှား လေကြောင်းလိုင်း | ဘန်ကောက်-ဒွန်မောင်း | 2 |
Thai Airways | ဘန်ကောက်-သုဝဏ္ဏဘူမိ | 2 |
Tigerair | စင်ကာပူ | 2 |
Turkish Airlines | Istanbul–Atatürk1 | 2 |
T'way Airlines | ဆိုးလ်-အင်ချွန်း[9] | 2 |
United Airlines | Hong Kong | 2 |
ဗီယက်ဂျက် လေကြောင်းလိုင်း | Buon Ma Thuot,[10] Chu Lai,[4] Da Lat, Da Nang, ဒေါင်ဟွိုင်း၊ Hai Phong, ဟနွိုင်း၊ Hue, Nha Trang, Phu Quoc, Pleiku ,[11] Qui Nhon, Thanh Hoa, Vinh [12] | 1B |
ဗီယက်ဂျက် လေကြောင်းလိုင်း | ဘန်ကောက်-သုဝဏ္ဏဘူမိ၊ ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ (begins 1 June 2016),[13] ဆိုးလ်-အင်ချွန်း၊ စင်ကာပူ၊ Tainan (begins 22 June 2016),[14] ထိုင်ဝမ်-ထောင်ယွမ်၊ ရန်ကုန် | 2 |
Vietnam Airlines | Buon Ma Thuot, Da Lat, Da Nang, ဒေါင်ဟွိုင်း၊ Hai Phong, ဟနွိုင်း၊ Hue, Nha Trang, Phu Quoc, Pleiku, Qui Nhon, Rach Gia, Thanh Hoa, Vinh | 1A |
Vietnam Airlines operated by VASCO | Ca Mau, Chu Lai, Con Dao, Tuy Hoa | 1A |
Vietnam Airlines | ဘန်ကောက်-သုဝဏ္ဏဘူမိ၊ Busan, Frankfurt, Fukuoka, Fuzhou, Guangzhou, Hong Kong, Jakarta–Soekarno–Hatta, Kaohsiung, ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ၊ လန်ဒန်-ဟိသ်ရိုး၊ Moscow–Domodedovo, Melbourne, Nagoya–Centrair, Osaka–Kansai, Paris–Charles de Gaulle, ဖနွမ်းပင်၊ ဆိုးလ်-အင်ချွန်း၊ ရှန်ဟိုင်း-ဖူတုန်း၊ စီရန်ရိ၊ စင်ကာပူ၊ Sydney, ထိုင်ဝမ်-ထောင်ယွမ်၊တိုကျို-နာရိတ၊ ဗီယင်ကျန်း၊ ရန်ကုန် | 2 |
1: Beginning 27 June 2016, Turkish Airlines's flight from Ho Chi Minh City to Istanbul will make a stop or continue on to Hanoi. Turkish Airlines, however, will not have eighth freedom traffic rights to transport passengers solely from Ho Chi Minh City to Hanoi.
Cargo
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ |
---|---|
Air France Cargo | Paris–Charles de Gaulle |
Air Hong Kong | Hong Kong, ပီနန် |
Cargolux | Luxembourg |
Cathay Pacific | Jakarta–Soekarno–Hatta, Hong Kong |
China Airlines Cargo | Abu Dhabi, ဘန်ကောက်-သုဝဏ္ဏဘူမိ၊ Luxembourg, စင်ကာပူ၊ ထိုင်ဝမ်-ထောင်ယွမ် |
FedEx Express | Guangzhou, ဟနွိုင်း၊ Jakarta–Soekarno–Hatta |
Korean Air Cargo | Jakarta–Soekarno–Hatta, ဆိုးလ်-အင်ချွန်း |
MASkargo | ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ၊ Labuan, ဘန်ကောက်-သုဝဏ္ဏဘူမိ |
ကိုးကား
- Cum cang hang khong Mien Nam - Tan Son Nhat။ 23 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 December 2010 တွင် ပြန်စစ်ပြီး။
- Air New Zealand to Start Seasonal Ho Chi Minh Service from June 2016။ airlineroute။ 24 January 2016 တွင် ပြန်စစ်ပြီး။
- Cambodia Angkor Air Adds New Vietnam Routes in S16။ airlineroute။ 8 March 2016 တွင် ပြန်စစ်ပြီး။
- Breakfast @ Tuoi Tre News – April 16။ Tuoi Tre News။
- Mandarin Airlines Plans New Routes from Kaohsiung in W14 :: Routesonline
- Nok Air Launches New Route from Bangkok to Ho Chi Minh city။ 16 July 2015 တွင် ပြန်စစ်ပြီး။
- Sichuan Airlines sets off to South Korea and Vietnam
- 3U8913 HGH0750-1030NNG1200-1300SGN 3U8914 SGN1355-1755NNG1925-2200HGH
- T’Way Airlines to Start Seoul – Ho Chi Minh Service from late-Dec 2015 :: Routesonline
- fly-on-vietjetairs-new-route-from-ho-chi-minh-city-to-buon-me-thuot-for-just-vnd390000 – news – VietJetAir.com – Enjoy Flying!. VietJetAir.com. Retrieved on 16 July 2013.
- Vietjet adds domestic routes | TTR Weekly။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2016 တွင် ပြန်စစ်ပြီး။
- Bay Hàn Quốc, Myanmar 0 đồng | baotintuc.vn
- Vietjet Air S16 International Service Expansion။ airlineroute။ 15 March 2016 တွင် ပြန်စစ်ပြီး။
- Vietjet Air Adds Tainan Service from late-June 2016။ airlineroute။ 11 April 2016 တွင် ပြန်စစ်ပြီး။