တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ကြည်း၊ ရေ၊ လေ

တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ရေ၊လေ) မှာ ဒု-ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မင်းနိုင် ဖြစ်သည်။

ဒု-ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မင်းနိုင်သည် OTS အပတ်စဉ် ၆၆ မှ စံပြထူးချွန်ဆုရရှိခဲ့သည့် သင်တန်းဆင်းအရာရှိတစ်ဦးဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် တပ်မ (၁၀၁) တပ်မမှူး၊ ၂၀၁၂ မှ ၂၀၁၇ အထိ တွဲဖက်စစ်ထောက်ချုပ်၊ ဗိုလ်ချုပ် တာဝန်ကိုထမ်းဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ် မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းထံမှ လွှဲပြောင်းဆက်ခံခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် "ဇေယျကျော်ထင်" ဘွဲ့ကို ရရှိခဲ့သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.